DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၅ ထရီလီယံ တန်ကြေးရှိသည့်ကုမ္ပဏီ Nvidia ဖြစ်လာ
DVB
·
October 31, 2025
ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၅ ထရီလီယံ တန်ကြေးရှိသည့်ကုမ္ပဏီ Nvidia ဖြစ်လာ
Donate to DVB

ကမ္ဘာ့စျေးကွက်တန်ဖိုးအရ အမေရိကန် ဒေါ်လာ ၅ ထရီလီယံ ပထမဆုံးပြည့်မီတဲ့ ကုမ္ပဏီအဖြစ် Nvidia က စံချိန်ထပ်တင်နိုင်ခဲ့ပြီး မှတ်တိုင်အသစ်ကို စိုက်ထူလိုက်ပါတယ်။

အမေရိကန် ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဟာ Graphics-Chip ရေးဆွဲရာကနေ AI နယ်ပယ်ရဲ့ ထိပ်တန်းနေရာကို အခုလိုမျိုး အလျင်အမြန် တက်လှမ်းနိုင်ခဲ့တာပါ။

၂၀၂၃ ဇွန်လပိုင်းမှာ အဲဒီကုမ္ပဏီရဲ့  စျေးကွက်တန်ဖိုးက ဒေါ်လာ ၁ ထရီလီယံကို ပထမဆုံး ပြည်မီခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ အရောက်မှာတော့ ဒေါ်လာ ၄ ထရီလီယံ ထက် ကျော်လွန်သွားခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘာ့တန်ဖိုးအရှိဆုံး ချစ်ပြားကုမ္ပဏီကြီးရဲ့ နောက်မှာ Apple နဲ့ Microsoft က ကပ်လျက် ရပ်တည်နေတာကို တွေ့ရပါတယ်။

အဲဒီနောက် AI ကဏ္ဍနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အလားအလာတွေက Nvidia ချစ်ပ်ပြားတွေရဲ့ ဝယ်လိုအားကို ဆက်လက် မြင့်တက်စေတဲ့အပြင် ကုမ္ပဏီရဲ့ စတော့စျေးတွေပါ စံချိန်တင် မြင့်မားအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ Nvidia ရှယ်ယာစျေးနှုန်းက ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ တက်လာခဲ့တဲ့အလျောက် ရှယ်ယာတခုကို ၂၁၂ ဒေါ်လာ ပေါက်စျေးရှိခဲ့ပါတယ်။ ဒါဟာ Nvidia ရှယ်ယာစျေးက ၅၀ ရာခိုင်နှုန်းနဲ့ အထက်ကို တနှစ်အတွင်း တက်လာခဲ့တာပါ။

ဒါ့အပြင် Nvidia ဟာ နည်းပညာကဏ္ဍက ပြိုင်ဘက်ကုမ္ပဏီတွေကို ကျော်ဖြတ်နိုင်ခဲ့သလို စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP အရ ဆိုရင်လည်း အတော်လေး မြင့်မားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ Nvidia ကုမ္ပဏီ တန်ကြေးဟာ အမေရိကန်နဲ့ တရုတ်ကလွဲရင် ကမ္ဘာ့နိုင်ငံတိုင်းရဲ့ GDP ထက်ကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

အခုလိုမျိုး Nvidia ကုမ္ပဏီ ကြီးထွားလာတာနဲ့အမျှ လူသိများလာခဲ့တဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်ကတော့ လာမယ့်နှစ်အတွင်း ဒေါ်လာ ၅၀၀ ဘီလီယံဖိုး AI ချစ်ပ်ပြား အော်ဒါတွေကို ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

တဖက်မှာ Nvidia ထုတ်ကုန်တွေအတွက် အကြီးဆုံးမားစျေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အခြေအနေကို​လည်း ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေပါတယ်။

တရုတ်အစိုးရကတော့ အဆင့်မြင့်ချစ်ပ်ပြားတွေ မိမိဘာသာ ထုတ်လုပ်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံများစွာကို ပြုလုပ်နေကြောင်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013