DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်က တတိယသက်တမ်း ထမ်းဆောင်ရန် မငြင်းပယ်
DVB
·
October 28, 2025
ထရမ့်ပ်က တတိယသက်တမ်း ထမ်းဆောင်ရန် မငြင်းပယ်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သမ္မတတတိယသက်တမ်း ထမ်းဆောင်ဖို့ ဖြစ်နိုင်ခြေကို မပယ်ချခဲ့ဘဲ “လုပ်ရမှာကို သဘောကျတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ထောက်ခံသူတချို့ အဆိုပြုသလို ၂၀၂၈ ခုနှစ်မှာ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ပြိုင်ပြီး အခြေခံဥပဒေဟာကွက်ကို အသုံးချကာ သမ္မတပြန်လုပ်မယ့် အစီအစဉ်ကိုတော့ ပယ်ချခဲ့ပါတယ်။

အမေရိကန် အခြေခံဥပဒေ ဖြည့်စွက်ချက် ပုဒ်မ ၂၂ အရ သမ္မတ တယောက်ဟာ တတိယသက်တမ်းအတွက် ထပ်မံဝင်ပြိုင်ခွင့် မရှိပါဘူး။

ဒါပေမဲ့ ဒုသမ္မတအဖြစ် ထပ်အရွေးကောက်ခံနိုင်ပါတယ်။ ပြီးတော့မှ ထရမ့်ပ်နဲ့အတူ သမ္မတနေရာ အရွေးခံတဲ့သူက ရာထူးက နုတ်ထွက်ပေး၊ အဲဒီအခါမှာ ဒုသမ္မတက သမ္မတနေရာကို “ဆက်ခံ” ဖို့ နည်းလမ်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ “သိပ်ကို ဉာဏ်များလွန်းတယ်”၊ ဒါပေမဲ့ “မှန်တယ်လို့မထင်ဘူး” လို့ ထရမ့်ပ်က အာရှခရီးစဉ်အတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လူတွေလည်း ဒီအကြံကို ကြိုက်မယ်မထင်ဘူးလို့ သူကဆိုပါတယ်။ ဘယ်နည်းလမ်းနဲ့ ထပ်အရွေးခံမလဲ ဆိုတာ မရှင်းလင်းပေမဲ့ ပြီးခဲ့တဲ့အပတ်ကတော့ ထရမ့်ပ်ရဲ့ မဟာဗျူဟာမှူးဟောင်း စတိဗ်ဘန်နွန်က ထရမ့်ပ်အတွက် နောက်ထပ်သက်တမ်း ထမ်းဆောင်ဖို့ အစီအစဉ်ရှိပြီးသားလို့ ပြောခဲ့ပါတယ်။

တတိယသက်တမ်းအပေါ် ထရမ့်ပ်က “တကယ်တော့ မတွေးရသေးပါဘူး။ ဒါပေမဲ့ ကျုပ်မှာ အကောင်းဆုံး လူထုထောက်ခံမှု စစ်တမ်း ကိန်းဂဏန်းတွေ ရှိနေတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို တို့ကိုလည်း သူ့နေရာ ဆက်ခံနိုင်ခြေ ရှိသူတွေအဖြစ် ထရမ့်ပ်က နာမည်တပ် ပြောကြားခဲ့ပါတယ်။

အခြေခံဥပဒေကို ပြင်ဆင်ဖို့က လွှတ်တော်နှစ်ရပ်လုံးရဲ့ သုံးပုံနှစ်ပုံနဲ့ ပြည်နယ် ၃၈ ခုရဲ့ အတည်ပြုချက် လိုအပ်တာကြောင့် ဖြစ်နိုင်ခြေ အလွန်နည်းပါးတယ်လို့ သုံးသပ်ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013