DVB Logo
Home
အားကစား
လက်ရှိ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကို တတိယသက်တမ်းအတွက် ဆက်တာဝန်ယူရန် တောင်းဆို
DVB
·
October 16, 2023
လက်ရှိ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကို တတိယသက်တမ်းအတွက် ဆက်တာဝန်ယူရန် တောင်းဆို
Donate to DVB

အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်ကို တတိယအကြိမ်မြောက်သက်တမ်း ဆက်လက်တာဝန်ယူ ထမ်းဆောင်ဖို့ နိုင်ငံအတော်များများက တနင်္ဂနွေနေ့က မူဘိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း တောင်းဆိုလိုက်ကြပါတယ်။

အသင်းဝင် နိုင်ငံတော်တော်များများက ၂၀၂၅ မှာ ဒုတိယ သက်တမ်း ကုန်ဆုံးတော့မယ့်  IOC ဥက္ကဋ္ဌ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC အသင်းဝင်တွေက မွန်ဘိုင်းမှာ ကျင်းပနေတဲ့ ၁၄၁ ကြိမ်မြောက် IOC အစည်းအဝေးအတွင်းမှာ တောင်းဆိုခဲ့တာပါ။

၂၀၁၃ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတဲ့ ဘတ်ချ်ဟာ ပထမအကြိမ် သက်တမ်း ၈ နှစ်နဲ့ ဒုတိယအကြိမ် သက်တမ်း ၄ နှစ်ဟာ ၂၀၂၅ ခုနှစ်မှာ စည်းမျည်းအရ တာဝန်ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

ဒီလို နှစ်ကန့်သတ်မှုဟာ ၁၉၈၀ ကနေ ၂၀၀၁ ခုနှစ်အထိ ၂၁ နှစ်အကြာ တာဝန်ယူခဲ့တဲ့ ဥက္ကဋ္ဌ ယန်း အန်တိုနီရို ဆမာရန်ချီလိုမျိုး နှစ်ရှည်တာဝန်ထမ်းဆောင်တာမျိုး မဖြစ်စေဖို့ အရင်ဥက္ကဋ္ဌဟောင်း ဂျက်ကွက်ရောဂ်   Jacques Rogg တုန်းက သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင်အတော်များများက ဘတ်ချ်ကို ဆက်လက် တာဝန် ထမ်းဆောင်နိုင်စေဖို့ ပဋိညာဉ်စာတမ်းကို ပြင်ဆင်ဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် ဥက္ကဋ္ဌ ရာထူးနဲ့ ပတ်သက်လို့ တည်ဆဲစည်းမျဉ်းကို ပြင်ဆင်ဖို့  စာသားနဲ့ရေးသားထားတဲ့ အဆိုပြုချက်ကို IOC ရဲ့ အစည်းအဝေးမတိုင်ခင် ရက်ပေါင်း ၃၀ လောက် အလိုမှာကတည်းက တင်သွင်းရမှာ ဖြစ်ပြီး ပထမဦးစွာ အမှုဆောင်ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်လည်း လိုအပ်နေတာ ဖြစ်ပါတယ်။

 ဒါကြောင့် အခုတောင်းဆိုချက်တွေဟာ အိန္ဒိယ စီးပွားရေးမြို့တော် မွန်ဘိုင်းမှာ ပြုလုပ်တဲ့ အခု အစည်းအဝေးအတွင်း တည်ဆဲဥပဒေတွေကို ပြောင်းလဲလို့ မရနိုင်တော့ပါဘူး။

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013