DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို အာဆီယံ အစည်းအဝေးတက်ခွင့် ဆက်ပိတ်
DVB
·
October 27, 2025
စစ်ခေါင်းဆောင်ကို အာဆီယံ အစည်းအဝေးတက်ခွင့် ဆက်ပိတ်
Donate to DVB

စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ဆက်ပိတ်ခဲ့သလို မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ကိုယ်စားလှယ်စေလွှတ်မယ်၊ မလွှတ်ဘူးဆိုတာ မဆုံးဖြတ်ဘဲ မှတ်သားထားတယ်လို့ပဲ အာဆီယံထိပ်သီးအစည်းအဝေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အောက်တိုဘာ ၂၅ ရက်မှာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှာတော့ အာဆီယံဘုံ သဘောတူညီချက်နဲ့ ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေ ပြန်လည်သုံးသပ်ဆွေးနွေးပြီးနောက် ထုတ်ပြန်ကြေညာခဲ့တာပါ။

မြန်မာ့အရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အစည်းအဝေးတွေကို စစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့်နဲ့ပတ်သက်ပြီး ဆက်ပိတ်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေအတိုင်း နိုင်ငံရေးအရ ကိုယ်စားမပြုသူတွေကိုသာ အစည်းအဝေး တက်ရမှာ ဖြစ်ပါတယ်။

ဒီအခြေအနေက စစ်ကောင်စီအတွက်တော့ ဖိအားပိုဖြစ်စေလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတယောက်ဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူသားချင်းစာနာမှု အခြေအနေတွေအပေါ် ဆွေးနွေးခဲ့ကြပြီး အရပ်သား ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချပြီး အရပ်သားတွေရဲ့ လုံခြုံရေးကို အာမခံပေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ စစ်ကောင်စီဘက်က အာဆီယံကို ဖိတ်ကြားထားပေမဲ့ ကိုယ်စားလှယ် စေလွှတ်မယ်၊ မစေလွှတ်ဘူး ဆိုတာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး ထုတ်ပြန်ချက်မှာ တိတိကျကျ မဖော်ပြထားဘဲ မှတ်သားထားတယ်လို့သာ ဖော်ပြပါတယ်။

ဒါကြောင့် ကိုယ်စားလှယ် စေလွှတ်မယ်၊ မလွှတ်ဘူး ဆိုတာကို သဘောတူညီချက် မရခဲ့ဘဲ တနိုင်ငံချင်းဆီရဲ့ သဘောထားအတိုင်း သွားမယ့်သဘော ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်ဖြစ်တဲ့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ အောက်တိုဘာ ၂၆ ရက်က ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲမှာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ ‘မြန်မာတွေ ပိုင်ဆိုင်မှုနဲ့ မြန်မာဦးဆောင်မှု’ သာ ဖြစ်ရမယ်လို့ ပြောကြားထားပါတယ်။

အက္ခရာစဉ်အရ မြန်မာအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူရမှာဖြစ်ပေမဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် မြန်မာကိုအလှည့်ကျော်လိုက်ပြီး  ဖိလစ်ပိုင်နိုင်ငံက အစားထိုး တာဝန်ယူမှာလည်း ဖြစ်ပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013