DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဧည့်စာရင်း အစစ်ကြမ်းနေ
DVB
·
October 25, 2025
ရန်ကုန်တွင် ဧည့်စာရင်း အစစ်ကြမ်းနေ
Donate to DVB

ရန်ကုန်မှာ အခုရက်ပိုင်း ဧည့်စာရင်း အစစ်ကြမ်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဧည့်စာရင်းလာစစ်တဲ့အခါ လဝက အရာရှိတွေ၊ စစ်သားတွေ၊ ရဲတပ်ဖွဲ့တွေ ကိုယ်တိုင် ကွင်းဆင်းစစ်တာဖြစ်ပြီး ရပ်ကွက်တွေက လူမိုက်ဆန်ဆန် လူတွေကိုပါ ခေါ်လာတယ်လို့ ဧည့်စာရင်း အစစ်ခံရတဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ နေသူတယောက်က ပြောပါတယ်။

“ဧည့်စာရင်းလာစစ်တဲ့အခါ ရပ်ကွက်က အုပ်ကြီးတွေကို မလိုက်ခိုင်းဘူး။ ရဲက ဦးဆောင်ပြီးတော့ တအိမ်ဝင် တအိမ်ထွက်၊ တခန်းဝင် တခန်းထွက် ပုံစံမျိုးစစ်တာ။ ရပ်ကွက်က အုပ်ကြီးတွေကတော့ မသိသလို ပုံစံနဲ့ နေကြတယ်။ အရင်ကဆိုရင် ဧည့်စာရင်းစစ်မယ်ဆိုရင် ရပ်ကွက် အုပ်ကြီးတွေက ပြောထားတာ ရှိတယ်။ အခုကတော့ ရှောင်တခင် ပုံစံမျိုး စစ်တာ။ ညနက်မှ စစ်တာ။” 

ဧည့်စာရင်းလာစစ်တဲ့အခါ ဧည့်စာရင်းတိုင်ထားတဲ့ စာရွက်ပေါ်မှာ ရေးထားတဲ့ လူအရေအတွက်ကို တိုက်ဆိုင် စစ်ဆေးတဲ့အပြင် အိမ်တံခါးကို ဖွင့်ပြီး ဝင်ရောက်စစ်ဆေးတာတွေလည်း ပြုလုပ်တယ်လို့ သိရပါတယ်။

တောင်ဒဂုံမြို့နယ်မှာ နေသူတယောက်က “အိမ်မှာ တယောက်ယောက် မတွေ့ဘူးဆိုရင် ဘယ်ကို သွားတာလဲ၊ ဘာကြောင့်သွားတာလဲ၊ ဘယ်အချိန် ပြန်ရောက်လဲ အဲလိုတွေ မေးတယ်။ စိတ်အနှောင့်အယှက် ပေးသလို ဖြစ်နေတယ်။ နေရတာ မပျော်ဘူး။ ဧည့်စာရင်းလာစစ်တဲ့ပုံစံက တရားခံကို လာဖမ်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ လူက ၅ ယောက်ပဲ နေတယ်ဆိုရင် ဖိနပ်က ၇ ရံ လောက် ဖြစ်နေတယ်လို့ ပြောတယ်။ ကျနော်တို့က ဖိနပ် အကြမ်းတွေလည်း ရှိနေတော့ အပို ရှိနေတာပေါ့။ အဲဒီလောက်ထိ စစ်ဆေးတာမျိုးကျတော့ ကျနော်တို့ နေရထိုင်ရတာ အနှောင့်အယှက် ဖြစ်တယ်” လို့ DVB ကို ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013