DVB Logo
Home
နိုင်ငံတကာ
ဂါဇာအတွက် အကူအညီများကို အစ္စရေးက ဝင်ခွင့်ပြုရမည်ဟု ICJ ဆုံးဖြတ်
DVB
·
October 23, 2025
ဂါဇာအတွက် အကူအညီများကို အစ္စရေးက ဝင်ခွင့်ပြုရမည်ဟု ICJ ဆုံးဖြတ်
Donate to DVB

ဂါဇာဒေသဆိုင်ရာ လူသားချင်းစာနာမှု အကူအညီတွေကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုဖို့ အစ္စရေးမှာ  ဥပဒေကြောင်းအရ တာဝန်ရှိတယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာတရားရုံးချုပ် (ICJ) က ဆုံးဖြတ်လိုက်ပါတယ်။

အငတ်ဘေးသင့် ပါလက်စတိုင်းဒေသခံတွေရဲ့ အခြေခံလိုအပ်ချက်ပြည့်မီအောင် ကုလသမဂ္ဂနဲ့ ဆက်စပ်အဖွဲ့တွေက အကူအညီတွေကို ပေးပို့လာတဲ့အခါ အဆင်ပြေချောမွေ့အောင် စီစဉ်ပေးဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။ 

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီရဲ့ ဘက်လိုက်မှုနဲ့ UNRWA ဝန်ထမ်း အများအပြားဟာ ဟားမတ်စ်လိုမျိုး လက်နက်ကိုင်အဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ အစ္စရေးဘက်က သက်သေပြနိုင်ခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။ 

ကုလအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကလည်း ICJ ရဲ့ ဆုံးဖြတ်ချက်ကို “အလွန်အရေးကြီးတယ်” ဆိုပြီး အစ္စရေးအနေနဲ့ လိုက်နာဖို့ရာ မျှော်လင့်ကြောင်း မှတ်ချက်ပြုပါတယ်။ 

ဒါပေမဲ့လည်း အစ္စရေးဘက်က ဒီဆုံးဖြတ်ချက်ကို ‘နိုင်ငံရေးဆန်တယ်’ ဆိုပြီး ပယ်ချခဲ့သလို UNRWA နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုပြီး တုံ့ပြန်ထားပါတယ်။ ဒါကြောင့် အစ္စရေး နယ်မြေထဲက UNRWA ရဲ့ ဆောင်ရွက်ချက်မှန်သမျှ အပါအဝင် အရာရှိတွေနဲ့ ဆက်သွယ်တာကိုပါ တားမြစ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်။ 

အခုလိုမျိုး ကုလသမဂ္ဂဆိုင်ရာ အမြင့်ဆုံးတရားရုံးက ထုတ်ပြန်လိုက်တဲ့ အကြံပြုဆုံးဖြတ်ချက်ကို မဖြစ်မနေလိုက်နာဖို့ မလိုအပ်ဘဲ သံတမန်ရေးနဲ့ ကျင့်ဝတ်ပိုင်းအရ ဖိအားပေးနိုင်ဖို့သာ ရည်ရွယ်ထားတာပါ။ 

ကုလနောက်ခံပြု ကျွမ်းကျင်သူများအဖွဲ့ကတော့ ဂါဇာဒေသခံ ၆၄၀,၀၀၀ ကျော်ဟာ ကပ်ဘေးအဆင့် အစားအစာ မလုံလောက်မှုကို ရင်ဆိုင်နေရတယ်လို့ သတိပေးထားပါတယ်။ 

အောက်တိုဘာ ၁၀ ရက်မှာ အစ္စရေးနဲ့ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲပြီးနောက် စားနပ်ရိက္ခာ တန်ချိန်ပေါင်း ၆,၇၀၀ ကျော် သယ်ဆောင်လာတဲ့ ကုန်တင်ကားတွေက ကမ်းမြောင်ဒေသထဲကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း ဂါဇာကမ်းမြောင်မှာ တစ်နေ့ကို ကုန်တင်ကားအစီးရေ ၆၀၀ အထိ လိုအပ်နေပြီး ပျမ်းမျှ ၂၀၀ ကနေ ၃၀၀ ကြားသာ ဝင်ရောက်နိုင်တဲ့အလျောက် တကယ်လိုအပ်တဲ့ ပမာဏထက် အများကြီး လျော့နည်းနေပါတယ်။

ဒါကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့​က အကူအညီပေးရေးနဲ့ ကျယ်ပြန့်တဲ့ပဋိပက္ခကြား ‘မရောထွေးဘဲ ခွဲခြားထားဖို့’ အစ္စရေးအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ 

ဂါဇာ ပြန်လည်တည်ဆောက်ဖို့ ဆိုရင် ဒေါ်လာ ၇၀ ဘီလီယံအထိ ကုန်ကျနိုင်တယ်လို့လည်း ကုလသမဂ္ဂအနေနဲ့ ခန့်မှန်းထားပါတယ်။ အဲဒီထဲက ၁၀ ရာခိုင်နှုန်းကိုတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ ကျန်းမာရေးစနစ်အတွက် သုံးစွဲဖို့လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013