DVB Logo
Home
နိုင်ငံတကာ
လူ ၂၆ ဦး သေဆုံးသည့် လေကြောင်းတိုက်ခိုက်မှုအပြီး အပစ်ရပ်ပြန်စပြီဟု အစ္စရေးကြေညာ
DVB
·
October 20, 2025
လူ ၂၆ ဦး သေဆုံးသည့် လေကြောင်းတိုက်ခိုက်မှုအပြီး အပစ်ရပ်ပြန်စပြီဟု အစ္စရေးကြေညာ
Donate to DVB

လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့အပြီးမှာ အပစ်အခတ်ရပ်စဲရေး ပြန်စပြီဖြစ်ပြီး အကူအညီတွေ ပြန်ပေးဝင်ပြီလို့ အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုတခုကြောင့် အစ္စရေးစစ်သား ၂ ယောက် သေဆုံးခဲ့ရအပြီးမှာ အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ၂၆ ယောက် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းဘက်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း အပစ်အခတ်ရပ်စဲမှု ဆက်ရှိနေသေးတယ်လို့ အတည်ပြုထားပါတယ်။

အပစ်ရပ်ချိုးဖောက်မှုမှာ ဟားမတ်စ်ခေါင်းဆောင်ပိုင်းက မပတ်သက်နိုင်ဘူးလို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။

အပစ်အခတ်ရပ်စဲတာကို ဟားမတ်စ်ဘက်က ချိုးဖောက်တယ် ဆိုပြီးတော့ အစ္စရေးက ဂါဇာကို အကူအညီတွေ ရပ်ဆိုင်းခဲ့ပေမဲ့ အမေရိကန်ရဲ့ဖိအားကြောင့် အောက်တိုဘာ ၂၀ ရက်မှာ ပြန်စဖို့ ရှိနေပါတယ်။

ဟားမတ်စ်ဘက်က တင့်ဖျက်ဒုံးကျည် ပစ်လွှတ်လို့ စစ်သားတွေ သေဆုံးခဲ့ရတာကြောင့် ဟားမတ်စ်တပ်မှူးတွေ၊ ဥမင်လိုဏ်ခေါင်းတခုနဲ့ လက်နက်သိုလှောင်ရာနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကလေးတယောက်နဲ့ အမျိုးသမီးတယောက် အပါအဝင် အနည်းဆုံး လူ ၂၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုပါတယ်။

ဟားမတ်စ် လက်နက်ကိုင်တပ်ဖွဲ့ကတော့ အပစ်ရပ်တာကို လေးစားလိုက်နာဆဲဖြစ်ပြီး ရာဖာမှာ ဖြစ်ခဲ့တာတွေကို မသိရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒုသမ္မတ ဂျေဒီဗန့်စ်ကတော့ ဟားမတ်စ်မှာ တပ်ဖွဲ့ခွဲ ၄၀ လောက် ကွဲနေပြီးတော့ တချို့တွေက အပစ်ရပ် လိုက်နာပြီးတော့ တချို့က မလိုက်နာဘူး ဖြစ်နေတယ်လို့ မှတ်ချက်ပေးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013