
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီမိနူးဟာ နည်းပြဟောင်း ရုဗင်အာမိုရင်လက်ထက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပြီး အသင်းကနေ ထွက်ခွာဖို့အထိ စဉ်းစားခဲ့ရကြောင်း ဖွင့်ဟလာပါတယ်။
အာမိုရင် ကိုင်တွယ်ခဲ့တဲ့ ၁၄ လတာအတွင်း အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရလို့ ပြီးခဲ့တဲ့နွေရာသီက အငှားထွက်ဖို့အထိ ကြိုးပမ်းခဲ့ပေမဲ့ အသင်းဘက်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်လက်ထက်မှာတော့ မိနူးဟာ ပုံစံကောင်း ပြန်ရလာပြီး နောက်ဆုံး ၁၅ ပွဲမှာ ၁၄ ပွဲအထိ ပွဲထွက်ခွင့်ရကာ အသင်းကို အဆင့် ၃ နေရာ ရောက်အောင် ကူညီပေးခဲ့ပါတယ်။
မိနူးက ပွဲမကစားရတဲ့အချိန်တွေမှာ စိတ်ရှည်ဖို့ သင်ခန်းစာရခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မိနူးဟာ ယူနိုက်တက်နဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုကာ အနာဂတ်ကို အခြေခိုင်အောင် လုပ်ဆောင်ထားလိုက်ပြီ ဖြစ်ပါတယ်။
Photo:Reuters










