မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း ရူဘင်အမ်မိုရင်ဟာ ဇန်နဝါရီလက ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပရိသတ်တွေကို တစုံတရာ မပြောကြားခဲ့တာအတွက် တောင်းပန်လိုက်ပါတယ်။
သူဟာ ယူနိုက်တက်နည်းပြအဖြစ် ၁၄ လကြာ တာဝန်ယူခဲ့ရတာကို ဂုဏ်ယူမိတယ်လို့လည်း ဆိုပါတယ်။
အမ်မိုရင်ဟာ အခုတော့ အေစီမီလန်အသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်တာကြောင့် ဘောလုံးလောကကနေ အနားယူထားတာကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းမှာ မိတ်ဆက်ပွဲလုပ်တုန်းက အမ်မိုရင်က ယူနိုက်တက်မှာ တာဝန်ယူခဲ့စဉ်က အမှားအယွင်းတွေ လုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
သူဟာ အရင်အတွေ့အကြုံကနေ အများကြီး သင်ယူခဲ့ရပြီး အောင်မြင်မှုအတွက် ပိုပြီး ဆာလောင်နေတယ်လို့ ပြောပါတယ်။
မန်ယူပရိသတ်တွေကို အစောပိုင်းက တစုံတရာ မပြောကြားနိုင်ခဲ့တာအတွက်လည်း တောင်းပန်စကား ပြောကြားသွားပါတယ်။










