DVB Logo
Home
အားကစား
မိုဆာလာကို ပွဲထွက်ခွင့်အာမခံချက် မပေးသင့်ကြောင်း လီဗာပူးဂန္ထဝင် ကာရေဂါ ပြော
DVB
·
October 20, 2025
မိုဆာလာကို ပွဲထွက်ခွင့်အာမခံချက် မပေးသင့်ကြောင်း လီဗာပူးဂန္ထဝင် ကာရေဂါ ပြော
Donate to DVB

မိုဆာလာကို ပွဲထွက်ခွင့်အာမခံချက် မပေးသင့်တော့ကြောင်း နည်းပြစလော့ကို လီဗာပူးဂန္ထဝင် ကာရေဂါက တိုက်တွန်းသွားပါတယ်။

ဆာလာဟာ မန်ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ဘဲ ပွဲတိုင်း ပွဲထွက်ခွင့်မပေးသင့်ဘဲ အနားပေးသင့်ကြောင်း ကာရေဂါက တိုက်တွန်းသွားတာပါ။

ယာဂမ်ကလော့လက်ထက်တုန်းက ဆာလာကို ပွဲတိုင်းအသုံးပြုခဲ့တာက ကိစ္စမရှိပေမဲ့ လက်ရှိအချိန်မှာတော့ ဆာလာဟာ ပွဲတိုင်းကို ပွဲထွက်ကစားဖို့ မသင့်တော်တဲ့ အခြေအနေတခု ရောက်ရှိလာပြီလို့ ကာရေဂါက ပြောပါတယ်။

ပွဲစဉ်ဇယားအရလည်း လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ အဝေးကွင်းပွဲကစားရဖို့ ရှိသလို နောက်တပတ် ပရီးမီးယားလိဂ်မှာလည်း ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲ ဆက်တိုက်ကစားရမှာဖြစ်လို့ အဲဒီ ၂ ပွဲစလုံးမှာ မိုဆာလာအနေနဲ့ ပွဲချိန်ပြည့် ကစားနိုင်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ကာရေဂါက ထောက်ပြသွားပါတယ်။

နည်းပြစလော့ဟာ မန်ယူနဲ့ပွဲမှာ ၈၄ မိနစ်မှာ အနိုင်ဂိုးပေးလိုက်ရပြီးနောက် မိုဆာလာကို  ၈၅ မိနစ်မှာပဲ ချက်ချင်း လူစားလဲခဲ့ပေမဲ့ အရှုံးရလဒ်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013