DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်အကျဉ်းထောင်များ၌ လူပြည့်နေသဖြင့် အကျဉ်းသားများကို စတင်လွှတ်ပေး
DVB
·
October 2, 2026
Photo: BBC / UK POOL
Photo: BBC / UK POOL
Donate to DVB

ဗြိတိန်နိုင်ငံမှာ အကျဉ်းထောင်တွေက လူပြည့်လုနီးပါး ဖြစ်နေတာကို ဖြေရှင်းဖို့အတွက် အောက်တိုဘာ ၁ ရက်ကစပြီး အကျဉ်းသား ရာပေါင်းများစွာကို စတင်လွှတ်ပေးလိုက်ပါတယ်။

အကျဉ်းသား ၈၉,၀၀၀ လောက်ဆံ့တဲ့ အကျဉ်းထောင်တွေထဲမှာ လူ ၈၆,၀၀၀ လောက် လက်ရှိ ရှိနေတာကြောင့် ထောင်ထဲမှာ နေရာလွတ်လာအောင် လုပ်တဲ့ အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်အနေနဲ့ အင်္ဂလန်နဲ့ ဝေးလ်စ်ဒေသက အကျဉ်းသား ၇၀၀ လောက် ပြန်လွတ်လာကြတာပါ။

သူတို့တွေဟာ လာမဲ့နှစ် ဇွန်လအတွင်း လွှတ်ပေးဖို့ရှိနေတဲ့ စုစုပေါင်း အကျဉ်းသား ၄,၅၀၀ လောက်ထဲက တစိတ်တပိုင်း ဖြစ်ပါတယ်။

ဒီအစီအစဉ်အရ သတ်မှတ်ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတချို့ဟာ ပြစ်ဒဏ်ကာလရဲ့ အစိတ်အပိုင်း တခုတည်းကိုသာ ကျခံပြီးနောက် ပြန်လွတ်လာမှာ ဖြစ်ပေမဲ့ မုဒိမ်းမှု၊ လူသေစေမှုနဲ့ ပြင်းထန်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်ထားသူတွေကိုတော့ လုံးဝ ချန်လှပ်ထားပါတယ်။

အကျဉ်းသားဟောင်း အန်ဒရူးဂတ်စကင်က စောစောထွက်ခွင့်ရလို့ ပျော်ကြပေမဲ့ ထောင်ကထွက်လာပြီး  သွားစရာနေရာမရှိတဲ့ တချို့သူတွေက ရာဇဝတ်မှု ပြန်ကျူးလွန်ပြီး ထောင်ထဲပြန်ရောက်လာတတ်တယ်လို့ လက်တွေ့အခြေအနေကို ထောက်ပြထားပါတယ်။

ဒါပေမဲ့ အစိုးရဘက်ကတော့ ဝန်ထမ်းအင်အား တိုးမြှင့်တာ၊ ခြေရာခံတဂ် (Tag) တပ်ဆင်တာ၊ အရက်သောက်သုံးမှု စောင့်ကြည့်တာအပြင် ဘောလုံးပွဲသွားတာနဲ့ ညဘက်အပြင်ထွက်တာတွေကို ကန့်သတ်တာ စတဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကို လုပ်ဆောင်ထားတယ်လို့ တရားရေးဝန်ကြီး အလက်ဇန်းဒါး နောရစ်စ်က ဆိုပါတယ်။

အဲဒီလို တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေနဲ့ ထိရောက်တဲ့ စောင့်ကြည့်ရေးဝန်ထမ်းတွေ ရှိနေတာကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြပေမဲ့ ဒီအစီအစဉ်ကို ယုံကြည်ချက်ရှိရှိနဲ့ ဆက်လုပ်သွားမယ်လို့ အစိုးရဝန်ကြီးတွေက ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013