DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးမြို့အနီး  ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်
DVB
·
October 16, 2025
စဉ့်ကူးမြို့အနီး  ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နားမှာ အောက်တိုဘာ ၁၆ ရက် ဒီမနက် ၁၁ နာရီ ၇ မိနစ်က ငလျင်တခု လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာနားမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့်၊ အင်အားအတော်အသင့်ရှိတဲ့ ငလျင်လှုပ်ခဲ့တာလို့ ဆိုပါတယ်။

ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့နဲ့ မြေငလျင်တိုင်းတာစက်တွေကသုံးတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတို့အပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ နည်းနည်းကွာနိုင်တယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း အင်အားပြင်းစစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်အဖြစ် ဒီမနက် ၁၁ နာရီ ၇ မိနစ်က မန္တလေးတိုင်း၊ တံတားဦးမြို့ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၈  ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်သွားတယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နားမှာ မြေအောက်အနက် ၉၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၆ အဆင့် ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013