DVB Logo
Home
နိုင်ငံတကာ
အပစ်ရပ်ပြီးနောက်  ပါလက်စတိုင်း ၂၀၀, ၀၀၀ ခန့် ဂါဇာမြောက်ပိုင်းသို့ ပြန်လာ
DVB
·
October 11, 2025
အပစ်ရပ်ပြီးနောက်  ပါလက်စတိုင်း ၂၀၀, ၀၀၀ ခန့် ဂါဇာမြောက်ပိုင်းသို့ ပြန်လာ
Donate to DVB

အစ္စရေးနဲ့ ဟားမတ်စ်တို့ ယာယီအပစ်အခတ်ရပ်စဲရေးရရှိ ပြီးနောက် စစ်ဘေးရှောင် ၂၀၀,၀၀၀ လောက်ဟာ ဂါဇာမြောက်ပိုင်းကို အောက်တိုဘာ ၁၀ ရက်က ပြန်လာခဲ့တယ်လို့ ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။

အစ္စရေးတပ်တွေ ဆုပ်ခွာပြီးနောက် စစ်ဘေးရှောင်တွေက ဂါဇာမြောက်ပိုင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ ယာဉ်သွားလာမှုတွေ ပြန်ခွင့်ပြုလိုက်လိုက်   ဂါဇာမြောက်ပိုင်းမှာ ရှိတဲ့ အိမ်ကို ပြန်လာကြတာပါ။

အပစ်အခတ်ရပ်စဲရေးက သောကြာနေ့  ဒေသစံတော်ချိန်နေ့လယ်မှာ စပြီး အသက်ဝင်တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုထားပါတယ်။

အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်အရ အီဂျစ်နိုင်ငံမှာ အီဂျစ်၊ ကာတ၊ တူရကီ၊ အမေရိကန်နိုင်ငံတို့က ကြားဝင်ညှိနှိုင်းပေးကာ ပထမအဆင့် သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

သဘောတူညီချက်အရ အစ္စရေးတပ်တွေ အဆင့်လိုက် ဆုတ်ခွါပေးရေး၊ အကျည်းသား လဲလှယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးပို့ရေးတို့ပါဝင်ပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီအဖြစ် လောင်စာနဲ့ မရှိမဖြစ်အသုံးအဆောင်ပစ္စည်းတွေ ပို့ဆောင်မှုကို စနေနေ့ကစပြီး ဂါဇာထဲကို လွတ်လပ်စွာဝင်ရောက် နိုင်မှာဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ 

အီဂျစ်နဲ့ ဂါဇာကြား ရာဖေးနယ်စပ်မှာလည်း လာမယ့် အပတ်ကစပြီး လမ်းတွေ ပြန်ဖွင့်ပေးမယ်လို့ ဟားမတ်စ်က ထုတ်ပြန်ပါတယ်။

ဂါဇာထဲကို အကူအညီပေးတဲ့ ကား ၆၀၀ နေ့စဉ်ဝင်ရောက်ဖို့ ခွင့်ပြုမှာဖြစ်ကြောင်း အစ္စရေးအာဏာပိုငတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တာဝန်ရှိသူက ဂါဇာဒေသကို အကူအညီတွေပေးဖို့ အသင့်ရှိပါတယ်လို့လည်း ပြောပါတယ်။

၂ နှစ်ကြာ အစ္စရေးရဲ့ စစ်ထိုးစစ်ကြောင့် ဂါဇာဒေသ ပျက်စီးခဲ့ပြီး လူ ၆၇,၀၀၀ ကျော် သေဆုံးခဲ့သလို အစားအသောက်နဲ့ အခြေခံအသုံးအဆောင်ပစ္စည်းတွေလည်း ပြတ်လပ်ခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013