DVB Logo
Home
အားကစား
အင်္ဂလန်အသင်းကို အသင်းလိုက်စုစည်းမှုဖြင့်သာ တည်ဆောက်မည်ဟု နည်းပြတူဟယ် ပြော
DVB
·
October 9, 2025
အင်္ဂလန်အသင်းကို အသင်းလိုက်စုစည်းမှုဖြင့်သာ တည်ဆောက်မည်ဟု နည်းပြတူဟယ် ပြော
Donate to DVB

အင်္ဂလန်လက်ရွေးစင်အသင်းကို အသင်းလိုက်စုစည်းမှုတွေနဲ့ပဲ တည်ဆောက်သွားရမှာဖြစ်ကြောင်း နည်းပြ သောမက်စ်တူဟယ်က ပြောသွားပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့အဆင့် ၄ မှာ ရှိနေသည့်တိုင်  ဖြတ်မျဉ်းအသင်းတသင်းအဖြစ်သာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း နည်းပြတူဟယ်က ပြောပါတယ်။ 

ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုဖလားတွေရ ယူနိုင်ခဲ့တဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အသင်းလိုက်စုစည်းမူကောင်းမွန်တဲ့ အသင်းတသင်းအဖြစ်သာ တည်ဆောက်သွားရမှာဖြစ်ပြီး အသင်းလိုက်စွမ်းအားကသာ ဆုဖလားတွေရ ယူနိုင်တယ်လို နည်းပြတူဟယ်က ပြောပါတယ်။

New England Patriots  မှတ်တမ်း ရုပ်ရှင်ထဲက စကားတခွန်းလိုပဲ အင်္ဂလန်အသင်းအတွက် အထူးချွန်ဆုံးကစားသမားတွေကို ရွေးချယ်တာမဟုတ်ဘဲ အသင်းတသင်းကို တည်ဆောက်တာဖြစ်ကြောင်း နည်းပြတူဟယ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013