DVB Logo
Home
အားကစား
အင်္ဂလန်အသင်းကို ကိုင်တွယ်ရသည့် ဖိအားများကို ကျော်ဖြတ်နိုင်ဟု နည်းပြ တူဟယ်ပြော
DVB
·
June 9, 2025
အင်္ဂလန်အသင်းကို ကိုင်တွယ်ရသည့် ဖိအားများကို ကျော်ဖြတ်နိုင်ဟု နည်းပြ တူဟယ်ပြော
Donate to DVB

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြတယောက်ရဲ့ ဖိအားတွေကို ကျော်ဖြတ်နိုင်စွမ်းရှိကြောင်း နည်းပြ သောမတ်စ်တူဟယ်က ပြောသွားပါတယ်။

ဂျာမန်လူမျိုးနည်းပြ တူဟယ်ဟာ အန်ဒိုရာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့ပြီး အင်္ဂလိပ်မီဒီယာတွေရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရတာပါ။

မိမိအတွက် အကြီးမားဆုံးဖိအားက ကိုယ့်ဆီကနေ လာတာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်နည်းပြ တယောက်ရဲ့ ဖိအားတွေကိုတော့ ကျော်ဖြတ်နိုင်စွမ်းရှိကြောင်း နည်းပြ တူဟယ်က ပြောပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၃ ပွဲကစား ၃ ပွဲစလုံး အနိုင်ရပြီး ပေးဂိုးလည်း မရှိသေးပေမဲ့ အဲဒီထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းချင်တဲ့ မိမိဆန္ဒကြောင့်သာ ဖိအားများရခြင်းဖြစ်ကြောင်း နည်းပြ တူဟယ်က ပြောသွားပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲ ၂ ကြိမ်ဆက်တိုက် ဗိုလ်လုပွဲရောက်‌အောင် စွမ်းဆောင်ခဲ့တဲ့ နည်းပြဆောက်ဂိတ် နေရာမှာ ဂျာမနီနည်းပြ တူဟယ်ကို တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အန်ဒိုရာအသင်းနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ အလေးအနက်မထားတဲ့ ကစားပုံနဲ့ ပတ်သက်ပြီးလည်း နည်းပြ သောမက်စ်တူဟယ်က ဝေဖန်ပြစ်တင်သွားပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့အဆင့် ၁၇၃ မှာရှိတဲ့ အန်ဒိုရာအသင်းကို ဟယ်ရီကိန်းရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် နည်းပြတူဟယ်က မကျေမနပ် ဖြစ်ခဲ့တာပါ။

ပထမပိုင်း ၂၅ မိနစ်လောက်အထိ စိတ်တိုင်းကျပေမဲ့ နောက်ပိုင်းပွဲချိန်တွေ အပါအဝင် အထူးသဖြင့် နောက်ဆုံး ၂၅ မိနစ်အတွင်း ကစားပုံက အလေးအနက်မထားတဲ့ပုံစံ ဖြစ်သလို စိတ်ဓာတ်ပြင်းပြမှုလည်း မရှိကြောင်း နည်းပြတူဟယ်က ပြောပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာဖလားခြေစစ်ပွဲလို အဆင့်အတန်းမှာ အဲဒီလို စိတ်ဓာတ်၊ သဘောထားနဲ့ ကစားလို့ မရနိုင်ကြောင်း နည်းပြတူဟယ်က ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် ဇွန် ၁၁ ရက်မှာ ဆီနီဂါအသင်းနဲ့ ခြေစမ်းကစားသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013