DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအရေးကူညီသူ STUM အဖွဲ့ဝင် ၁ ဦး ခံဝန်ခြေချုပ်ဖြင့် ၆ လနေရန် အမိန့်ချခံရ
DVB
·
October 7, 2025
အလုပ်သမားအရေးကူညီသူ STUM အဖွဲ့ဝင် ၁ ဦး ခံဝန်ခြေချုပ်ဖြင့် ၆ လနေရန် အမိန့်ချခံရ
Donate to DVB

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲက တဦးဖြစ်တဲ့ ကိုဂျွန်တူးမောင်ကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးက အောက်တိုဘာ ၃ ရက်မှာ အမိန့်ချလိုက်တာလို့ ဆိုပါတယ်။

ဒေါ်မျိုးမျိုးအေး နဲ့ STUM အဖွဲ့ဝင် ၉ ယောက်တို့မှာ နေထိုင်တဲ့ မြို့နယ်အလိုက် မြောက်ဥက္ကလာပ၊ အင်းစိန် နဲ့ ရွှေပြည်သာတရားရုံးတို့မှာ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) တို့နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပြီး ကိုဂျွန်တူးမောင်က အစောဆုံးအမိန့်ချခံရတာ ဖြစ်ပါတယ်။

ကိုဂျွန်တူးမောင်ကို ခြေချုပ် နဲ့ ခံဝန်အမှုအတွက် အမိန့်ချလိုက်ပေမဲ့ ပြန်မလွှတ်သေးဘဲ နောက်ထပ်စွဲဆိုထားတဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ အမှုနဲ့ ဆက်ပြီးထိန်းသိမ်းထားတယ်လို့ STUM နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ကျန်တဲ့အမှုအတွက် မလွတ်သေးဘူး။ ပထမအမှုကတော့ ပြီးသွားတယ်။ အမှန်ပထမအမှု တခုတည်းဆိုရင် ပြစ်ဒဏ်သတ်မှတ်ကာလတလျှောက် အပြင်ကနေပဲ ခံဝန်ပုံမှန်သွားထိုးရမှာ။”

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် ၁၀ ယောက်ကို သာဓုကန်စက်မှုဇုန်ရှိ ဝမ်ရှင့်သာ ခရီးသွားကုမ္ပဏီရဲ့ မန်နေဂျာ ဦးသီဟနိုင်က စက်တင်ဘာ ၁၅ ရက်မှာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၀၊ ၄၁ တို့နဲ့ ထပ်ပြီး အမှုဖွင့်တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားပြီး တဆက်တည်းမှာပဲ STUM ရုံးအဖွဲ့ဝင် ၉ ယောက်ကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ကို အလုပ်သမားအရေးဆောင်ရွက်ရမှာ နိုင်ငံခြားငွေ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကြောရေးမှာ စစ်ဆေးရာမှာ ပြစ်မှုမပေါ်ပေါက်တာကြောင့် ပြန်လွှဲပြောင်းခဲ့ပေမဲ့ လွှတ်မပေးခဲ့ဘဲ အထက်ပါဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံထားတာဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်မျိုးမျိုးအေးမှာ သွေးတိုးနဲ့ ဆီးချိုရောဂါ ခံစားနေရသူဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ရောဂါအခြေအနေ ပိုဆိုးလာသလို အာသီးရောင်တဲ့ ဝေဒနာထပ်ခံစားနေရပြီး အတူဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူ မသင်းထက်စံလည်း အံဆုံးသွား နာကျဉ်တဲ့ ဝေဒနာ ခံစားနေရတယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013