DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အကူအညီ ရေယာဉ်အုပ်စုဖြင့် လိုက်ပါလာသူ ၁၇၀ ကို အစ္စရေး နှင်ထုတ်
DVB
·
October 7, 2025
ဂါဇာ အကူအညီ ရေယာဉ်အုပ်စုဖြင့် လိုက်ပါလာသူ ၁၇၀ ကို အစ္စရေး နှင်ထုတ်
Donate to DVB

ဂါဇာကို ပင်လယ်ရေကြောင်းကနေ အကူအညီပေးဖို့ ကြိုးစားတဲ့ ရေယာဉ်အုပ်စုနဲ့ လိုက်ပါလာခဲ့တဲ့ နာမည်ကျော် ရာသီဥတုအရေးလှုပ်ရှားသူ ဆွီဒင်နိုင်ငံသူ ဂရီတာသန်းဘာ့ဂ် အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၇၀ ကို အစ္စရေးက နှင်ထုတ်လိုက်ပါတယ်။

အစ္စရေးရေတပ်က ဒီရေယာဉ်အုပ်စုကို ကြားဖြတ်တားဆီးပြီး လိုက်ပါလာသူတွေကို ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အစိုးရတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ ပျက်ကွက်နေတဲ့အတွက် ကမ္ဘာ့ပြည်သူတွေ သွေးစည်းညီညွတ်စွာနဲ့ နောက်ဆုံးနည်းလမ်းအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့ကြတာလို့  ဂရိနိုင်ငံကို အပို့ခံရတဲ့ သန်းဘာ့ဂ်က  မှတ်ချက်ပေးပါတယ်။ 

တက်ကြွလှုပ်ရှားသူတွေကို ဂရိနဲ့ ဆလိုဗက်ကကီးယားကို ပြန်ပို့ခဲ့တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုခဲ့ပြီး အဲဒီအထဲမှာ ဂရိ၊ ဆလိုဗက်ကီးယား၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံသားတွေ ပါဝင်တယ်လို့ဆိုပါတယ်။ 

နှင်ထုတ်ခံရတဲ့ တခြား စပိန်နဲ့ ဆွစ်ဇာလန်နိုင်ငံသားတွေကလည်း ထိန်းသိမ်းခံထားရချိန်မှာ ရိုက်နှက်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ ခံခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။ 

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီစွပ်စွဲချက်တွေဟာ ကြိုတင်စီစဉ်ထားတဲ့ "သတင်းတုလှုံ့ဆော်မှု" တခုသာဖြစ်တယ်လို့ ပယ်ချလိုက်ပါတယ်။ 

ဒီရေယာဉ်အုပ်စုဟာ ကုလသမဂ္ဂကျောထောက်နောက်ခံပြုအဖွဲ့အစည်းတခုက ဂါဇာမှာ အငတ်ဘေးဖြစ်နေပြီလို့ အတည်ပြုကြေညာခဲ့ပြီးနောက် ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ 

ကုလသမဂ္ဂကလည်း ဂါဇာကို ပိတ်ဆို့ထားတာတွေ အရေးပေါ်ရုပ်သိမ်းဖို့နဲ့ အသက်ကယ်အထောက်အပံ့တွေ ဝင်ခွင့်ပြုဖို့ အစ္စရေးကို တောင်းဆိုထားပါတယ်။ 

အစ္စရေးဘက်ကတော့ သူတို့ရဲ့ ပိတ်ဆို့မှုဟာ တရားဝင်ကြောင်းနဲ့ အကူအညီ နှစ်တန်သာပါတဲ့ ဒီရေယာဉ်အုပ်စုဟာ "လူအာရုံစိုက်အောင်လုပ်တဲ့ စတန့်ထွင်မှု" တခုသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ 

ရေယာဉ်အုပ်စုဝင် လှေ ၄၂ စင်းမှာ လိုက်ပါလာခဲ့တဲ့ လူ ၄၇၉ ယောက်မှာ ၃၄၁ ယောက် နှင်ထုတ်ခံခဲ့ရပြီးဖြစ်ပါတယ်။ အယောက် ၁၃၀ ကျော်ကတော့ အစ္စရေးမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၄၀ ကျော်ဟာ အစာငတ်ခံဆန္ဒပြနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013