DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-ဟားမတ်စ် တဆင့်ခံဆွေးနွေးပွဲ ပထမနေ့ အပြုသဘောဆောင်
DVB
·
October 7, 2025
အစ္စရေး-ဟားမတ်စ် တဆင့်ခံဆွေးနွေးပွဲ ပထမနေ့ အပြုသဘောဆောင်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေး အချက် ၂၀ ပါတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အလားအလာရှိတဲ့ သဘောတူညီချက်တခုရရေး မျှော်လင့်ချက်တွေကြားမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အီဂျစ်နိုင်ငံမှာကျင်းပတဲ့ တဆင့်ခံ ဆွေးနွေးပွဲတွေ ပြန်စတဲ့ ပထမနေ့ဟာ အပြုသဘောဆောင်တဲ့ မှတ်ချက်နဲ့ ပြီးဆုံးခဲ့တယ်လို့ သတင်းရင်းမြစ် အများအပြားက အယ်လ်ဂျာဇီးယားနဲ့ တခြားမီဒီယာတွေကို ပြောပါတယ်။

စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အင်္ဂါနေ့မှာ နောက်ထပ်ဆွေးနွေးဖို့ ပြန်လာကြဖို့ကိုလည်း စီစဉ်ထားပါတယ်။

တနင်္လာနေ့မှာ ပင်လယ်နီအပန်းဖြေမြို့ ရှမ်းမ်အယ်လ်ရှိတ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး လက်ရှိဆွေးနွေးပွဲတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတဲ့ လမ်းပြမြေပုံကို ရေးဆွဲထားတယ်လို့ သတင်းရင်းမြစ်တွေက အာရပ်ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ အယ်လ်ဂျာဇီးယား သတင်းအဖွဲ့ကို ပြောခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာကမ်းမြောင်ကို ဆက်လက်ဗုံးကြဲတိုက်ခိုက်တာဟာ သုံ့ပန်းတွေ ပြန်လွှတ်ပေးရေး စေ့စပ်ညှိနှိုင်းရေးမှာ စိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ ဟားမတ်စ်အဖွဲ့က ဖျန်ဖြေသူတွေကို ပြောခဲ့တယ်လို့ Al Jazeera Arabic သတင်းဌာနက ဖော်ပြပါတယ်။

ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့ထဲမှာ ပြီးခဲ့တဲ့လက လူ ၅ ယောက် သေဆုံးခဲ့တဲ့ ကာတာမြို့တော် ဒိုဟာမြို့လယ်က အစ္စရေးရဲ့ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက် ရှင်သန်ခဲ့တဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ၂ ယောက် ဖြစ်တဲ့ ဟားမတ်စ်ခေါင်းဆောင် ခါလစ်လ် အယ်လ် ဟေးယာနဲ့ ဇာဟာ ဂျာဘာရင်တို့  ပါဝင်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အကျဉ်းသားတွေနဲ့ သုံ့ပန်းတွေ လဲလှယ်ရေး၊ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပေးအပ်ခဲ့တယ်လို့ အီဂျစ်အစိုးရနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ် ကာဟေရာ သတင်းဌာနက ဖော်ပြပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန်သမ္မတရဲ့ အစီအစဉ်ထဲက တခြားအစိတ်အပိုင်းတွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဖို့ အစ္စရေးသုံ့ပန်းတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို စောစောလဲလှယ်ဖို့ တွန်းအားပေးနေတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ကာရိုလိုင်း လဲဗစ်က ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013