DVB Logo
Home
အားကစား
နည်းပြအာမိုရင် အပေါ်  မန်ယူဘုတ်အဖွဲ့၏  စိတ်ရှည်ပေးမှု အကန့်အသတ်ရှိ
DVB
·
October 4, 2025
နည်းပြအာမိုရင် အပေါ်  မန်ယူဘုတ်အဖွဲ့၏  စိတ်ရှည်ပေးမှု အကန့်အသတ်ရှိ
Donate to DVB

နည်းပြအာမိုရင်အပေါ် မန်ယူအသင်းဘုတ်အဖွဲ့ရဲ့ စိတ်ရှည်သည်းခံပေးမှုဟာ အကန့်အသတ် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ အခုနှစ်ရာသီမှာလည်း ရလဒ်မကောင်းဖြစ်နေဆဲဖြစ်ပြီး ပွဲစဉ် ၆ အပြီးမှာ အဆင့် ၁၄ နေရာအထိ ရောက်ရှိနေတာပါ။

စက်တင်ဘာ ၄ ရက် ဒီကနေ့ညမှာ ကစားမယ့် ဆန်းဒါးလန်းနဲ့ပွဲမှာ ဆက်ပြီး ရလဒ်မကောင်းဖြစ်ခဲ့မယ် ဆိုရင်တော့ နည်းပြအာမိုရင်ရဲ့ အနာဂတ်အပေါ် အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်နဲ့ ဘုတ်အဖွဲဝင်တွေက ပြန်လည်သုံးသပ်စဉ်းစားသွားဖို့ရှိတယ်လို့ သိရပါတယ်။

နည်းပြအာမိုရင်ကတော့ မန်ယူအသင်းကို ဆက်လက်တာဝန်ယူကာ တိုက်ပွဲဝင်သွားဖို့ ဆန္ဒရှိပြီး အသင်းအနေနဲ့ ရလဒ်ကောင်းမွန်လာဖို့ အရေးတကြီးလိုအပ်နေတာကိုလည်း သိရှိ နားလည်ထားကြောင်း ပြောပါတယ်။

မန်ယူနဲ့တွေ့ဆုံမယ့် တန်းတက်ဆန်းဒါးလန်းအသင်းဟာပွဲစဉ် ၆ ပွဲ အပြီးမှာ ခြေစွမ်းပြကစားထားပြီး ၃ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးရလဒ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013