DVB Logo
Home
အားကစား
နောက်ဆုံးနှုတ်ဆက်ပွဲ၌ ပြိုင်ဘက်ကို ခြေကန်ချက်ဖြင့် အနိုင်ယူမည်ဟု အောင်လအန်ဆန် ပြော
DVB
·
October 3, 2025
နောက်ဆုံးနှုတ်ဆက်ပွဲ၌ ပြိုင်ဘက်ကို ခြေကန်ချက်ဖြင့် အနိုင်ယူမည်ဟု အောင်လအန်ဆန် ပြော
Donate to DVB

ပြိုင်ဘက် ကာဒက်စ်တန်က နပန်းပိုင်းမှာ အားနည်းမှုရှိပေမဲ့ ခြေကန်ချက်နဲ့ပဲ အလဲထိုးနဲ့ အနိုင်ယူသွားမယ်လို့ အောင်လအန်ဆန်က ပြောပါတယ်။

ကချင်တိုင်းရင်းသားကြီး အောင်လအန်ဆန်ဟာ  သူ့ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် အောက်တိုဘာ ၄ ရက်မှာ ဆွီဒင်နိုင်ငံသား ဝယ်တာဝိတ် ချန်ပီယံဟောင်း ဇက်ဘက်ဇ် တီယန်ကာဒက်စ်တန်နဲ့ ထိုးသတ်သွားမှာပါ။

ဒီပွဲဟာ ကစားသမားဘဝရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်တာနဲ့အညီ ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေမှု ပေးနိုင်မယ့် ပွဲစဉ်ဖြစ်အောင် ထိုးသတ်သွားမှာဖြစ်ပြီး ပြိုင်ဘက်က နပန်းအားနည်းနိုင်ပေမဲ့ ခြေကန်ချက်နဲ့ပဲ အလဲထိုးအနိုင်ယူမယ်လို့ One Championship နဲ့ အင်တာဗျူးမှာ အောင်လအန်ဆန်က ပြောပါတယ်။

ကာဒက်စ်တန်က ခံစစ်ကော တိုက်စစ်ပါ ကောင်းမွန်ပြီး နပန်းအပိုင်းမှာတော့ အားနည်းနိုင်ပေမဲ့ ပရိသတ်တွေ ဖျော်ဖြေမှုပေးနိုင်ရေးအတွက် Stand Fight နဲ့ ထိုးသတ်ကာ ခြေကန်ချက်နဲ့ အနိုင်ယူသွားမှာဖြစ်ကြောင်း အောင်လအန်ဆန်က ပြောပါတယ်။

ဒါ့အပြင် နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်တာကြောင့် တယောက်ယောက်က ကြမ်းပြင်ပေါ်လဲကျပြီး အဆုံးသတ်နိုင်မှသာ မိမိတို့ရဲ့ ချစ်ခင်ရင်းနှီးမှုနဲ့ ချန်ပီယံဟောင်း ဖိုက်တာတွေရဲ့ ဂုဏ်သိက္ခာတွေကို ပြသနိုင်မယ့် တခုတည်းသောနည်းလမ်း ဖြစ်ကြောင်းလည်း အောင်လအန်ဆန်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013