
မန်ချက်စတာမြို့မှာရှိတဲ့ ဂျူးဘုရားကျောင်းကို တိုက်ခိုက်ခဲ့မှုဟာ ဂျူးတွေဖြစ်လို့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။
မန်ချက်စတာမြို့ရှိ ဂျူးဘုရားကျောင်း တိုက်ခိုက်ခံရတဲ့ သတင်းကြားချိန်မှာ စတာမာဟာ ဥရောပနိုင်ငံရေး ကိစ္စတွေနဲ့ ကိုပင်ဟေဂင်ကို ရောက်နေတာဖြစ်ပြီး ဗြိတိန်ကို ချက်ချင်းပြန်ခဲ့ကာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတဝန်းလုံးမှာရှိတဲ့ ဂျူးဘုရားကျောင်းတွေမှာ လုံခြုံရေးတွေ ချထားဖို့ ညွှန်ကြားထားတယ်လို့လည်း စတာမာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရားခံဟာ ဝေ့စ်ကုတ် ဝတ်ထားပြီး သူ့ရဲ့ပုံစံက ဖောက်ခွဲရေးပစ္စည်းတွေ ကိုယ်မှာ တပ်ဆင်ထားတယ်လို့ သံသယရှိကြောင်း မန်ချက်စတာရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ ဂျူးဘုရားကျောင်းဝန်းထဲမှာ တရားခံကို အသေပစ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာမြို့ရှိ ဂျူးဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ဂျူးဘုရားကျောင်းကို တိုက်ခိုက်ခဲ့သူက လူအုပ်ကို ကားနဲ့ဝင်တိုက်ခဲ့တာဖြစ်ပြီး ဓားထိုးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ တရားခံဟာ ဆီးရီးယားမျိုးနွယ် ဗြိတိန်နိုင်ံသားတယောက်ဖြစ်တဲ့ ဂျီဟတ်အဘ်ရှာမီဆိုတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူ့ကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်တာက ဂျူးမုန်းတီးရေးတွေ ဆက်ပြီးလုပ်ဆောင်နေတာကြောင့် ဒီလို ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာဖြစ်တယ်လို့ ဗြိတိန်ဂျူးဘာသာရေး အကြီးအကဲက ပြောပါတယ်။
မန်ချက်စတာမြို့မှာ ဂျူးဘုရားကျောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျူးဘုရားကျောင်းတွေမှာ ရဲတပ်ဖွဲ့တွေ အစောင့်ချထားတာ တွေ့ရပါတယ်။
Source: Reuters










