DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် အကျဉ်းထောင်တွင်း ရေနုတ်မြောင်းတူးရမည်
DVB
·
September 26, 2025
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် အကျဉ်းထောင်တွင်း ရေနုတ်မြောင်းတူးရမည်
Donate to DVB

အာဏာပါဝါဂုဏ်ရှိန်မြင့်ရာကနေ  အကျဉ်းသားအဖြစ်ပြန်လည်ရောက်ရှိသွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ အကျဉ်းထောင်တွင်းမှာ သန့်ရှင်းရေး၊ ရေနုတ်မြောင်းတူးဖော်ရာမှာ ကြီးကြပ်သူအဖြစ် အလုပ် လုပ်ရမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း ဖဲထောင်းထန်းရှင်နာဝပ်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ စက်တင်ဘာ ၂၅ က ဖခင်ဖြစ်သူကို ဘန်ကောက်ဗဟိုအကျဉ်းထောင်မှာ သွားရောက် တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ခုလိုပြောခဲ့တာပါ။

သူနဲ့ ခင်ပွန်းတို့  ထောင်ထဲကထွက်အလာ ရှပ်နီဆင်တူဝတ်ထားတဲ့လူအုပ်ကြီးက လာ ရောက်စောင့်ဆိုင်းအားပေးခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ အခြေအနေကို မေးမြန်းခဲ့တယ်။ ဖဲထောင်းထန်းကလည်း ဖခင်ဖြစ်သူ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ၊  မြေးတွေနဲ့လည်း ဗွီဒီယိုကောလ်ခေါ်ပြီးစကားပြောခွင့်ရတယ်၊ အဖေထောင်ထဲမှာ အလုပ်ရတော့မယ်၊ ရေနုတ် မြောင်းဖော်တဲ့နေရာဦးဆောင်ရမယ်လို့ အကျဉ်းဦးစီးပြောတယ်လို့   ဖဲထောင်းထန်းက ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  အကျဉ်းဦးစီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ နန်းကနုတ်ဝမ်း ကျူချေ့ဖန်းကတော့ အကျဉ်းဦးစီးက တာဝန်ပေးတာမဟုတ်ဘဲ ဝန်ကြီးချုပ်ကိုယ်တိုင်က အများ အကျိုးအတွက် လုပ်အားပေးရေ နုတ်မြောင်းကူဖော်မယ်လို့ ပြောလာတာဖြစ်တယ်။ ဒါပေမဲ့ အကျဉ်းဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်နဲ့ ကိုက်ညီမှုရှိမရှိ ပြန်ကြည့်ရမယ်လို့ သတင်း ထောက်တွေကို ပြောပါတယ်။

အကျဉ်းသားတွေအနေနဲ့  အများကောင်းကျိုးလုပ်အားပေးရာမှာ ထောင်ဒဏ် ၃ နှစ်အထက် ပြစ်ဒဏ်ယတိပြတ်စီရင်ချက်ချခံရသူ၊  ပြစ်ဒဏ်ရဲ့ ၃ ပုံ ၁ ပုံ ခံယူပြီးသူ၊ ပထမဆုံးအကြိမ်ပြစ် ဒဏ်ကျခံရသူ ဖြစ်ရမယ်၊ ဒါ့အပြင် အကျဉ်းသားရဲ့  အသက်၊ ကိုယ်ရေးရာဇဝင်၊ အမူအကျင့်နဲ့ ကျန်းမာရေးကြံ့ခိုင်မှုတွေပါ စိစစ်ပြီးမှ အဲဒီအလုပ်တွေ လုပ်ရမှာဖြစ်တယ်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကတော့ ထောင်ဒဏ် ၁ နှစ်သာ အပြစ်ပေးခံရပြီး သူဟာ ဒီစက်တင်ဘာ ၉ ရက်ကမှ ရောက်တာကြောင့် ၄ လပင်မပြည့်သေး ၊ လုပ်အားပေးဖို့ အကျုံးမဝင်သေးဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်က စစ်တပ်ရဲ့ အာဏာ သိမ်းမှုခံရပြီး ပြစ်မှုအမျိုးမျိုးနဲ့ တရားစွဲခံခဲ့ရလို့ အမှုရင်မဆိုင်ဘဲ နိုင်ငံခြားကိုထွက်သွားတာကြောင့် ဝရမ်းပြေးအဖြစ်သတ်မှတ်ခြင်းခံရတယ်။

၂၀၂၃ ရွေးကောက်ပွဲမှာ သူတည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်းပါတီ အနိုင်ရပြီး သမီးဖြစ်သူ ဝန်ကြီးချုပ်လောင်းဖြစ်လာတာကြောင့် ပေးတဲ့အပြစ်ခံယူမယ်ဆိုပြီး ထိုင်းနိုင်ငံကိုပြန်လာခဲ့ပါတယ်။

တရားရုံးက သူ့ကို ထောင်ဒဏ်ချမှတ်ခဲ့ပေမဲ့ သူဟာ ထောင်ထဲရောက်ပြီး နေ့မကူးခင်မှာဘဲ ကျန်းမာရေးအကြောင်းပြကာ ပြင်ပရဲဆေးရုံမှာ အထူးလူနာအဖြစ်တက်ရောက်ကုသတယ်။

လူနာခန်းဆိုပေမယ့် ဟိုတယ်သမျှ လိုလေ‌သေးမရှိ နေထိုင်ရလို့ ဆန္ဒပြခံခဲ့ရပါတယ်။ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၄ ယောက်မှာလည်း သူ့ကျန်းမာရေးဆေးလက်မှတ် မမှန်မကန်ဖော်ပြမှုကြောင့်  ကုသခွင့်လက်မှတ်ပိတ်ခံရပါတယ်။ နောက်ဆုံးမှာ တရားရုံးက သူ့ကို ထောင်ဒဏ်ထပ်မံချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

Source:  MGR Online / CH7 HD News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013