
အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးဖော်ပြတဲ့ ညီလာခံတခုအတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံက တပ်မတော်အကြီးအကဲတွေနဲ့ စစ်ခေါင်းဆောင်တွေ စက်တင်ဘာ ၂၄ ရက်က မလေးရှားမြို့တော် ကွာလာလမ်ပူမှာ စုဝေးခဲ့ကြပါတယ်။
၄၉ ကြိမ်မြောက် အင်ဒို-ပစိဖိတ် တပ်မတော်များ စီမံခန့်ခွဲရေး နှီးနှောဖလှယ်ပွဲ (IPAMS) နဲ့ ၁၁ ကြိမ်မြောက် အကြီးတန်းခေါင်းဆောင်များဖိုရမ် (SELF) တို့နဲ့အတူ ကျင်းပတဲ့ ၁၄ ကြိမ်မြောက် အင်ဒို-ပစိဖိတ် စစ်တပ်ခေါင်းဆောင်များညီလာခံ (IPACC) ကို မလေးရှားစစ်တပ်နဲ့ အမေရိကန် စစ်တပ် ပစိဖိတ်စစ်တိုင်းတို့က ပူးပေါင်းကျင်းပခဲ့တာပါ။
မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဟမ်မဒ် ဟာဖစ်ဇပ်ဒီအိန် ဂျန်တန်က ကိုယ်စားလှယ်တွေကို ဒီညီလာခံက သူတို့ရဲ့ တည်ရှိမှုက ဒေသတွင်း စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှု စွမ်းအားအတွက် သက်ရှိထင်ရှား သက်သေတခုဖြစ်တယ်လို့ ပြောပါတယ်။
“ဒါဟာ စုဝေးမှုတခုလောက်သာမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကာအကွယ်ပေးဖို့ ကတိကဝတ်ပြုတဲ့ သင်္ကေတတခု” လို့ မိုဟာမက်က သူ့ရဲ့ အဖွင့်အမှာစကားမှာ ပြောပါတယ်။
အမေရိကန်စစ်တပ် ပစိဖိတ်စစ်တိုင်း USARPAC ရဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချုပ် ရော်နယ် ကလာ့ခ်က IPACC နဲ့ IPAMS တို့ဟာ ခိုင်မာမှုနဲ့ မိတ်ဖက်တွေကနေတဆင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ပုံဖော်ပေးနေတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters











