
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ် ဘယ်လိုဖြစ်ဖြစ် အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန် ကတိကဝတ်ကို အာမခံချက်ပေးထားတယ်လို့ အောက်တိုဘာ ၁၁ ရက်က ပြောလိုက်ပါတယ်။
လာအိုမြို့တော် ဗီယန်ကျင်းမှာ ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်အပြီးမှာ ဘလင်ကန်က ပြောလိုက်တာပါ။
အဆင့်မြင့် တစိတ်တပိုင်း လျှပ်ကူးပစ္စည်းတွေ ကမ္ဘာပေါ်မှာ အဓိကထုတ်လုပ်ရာ ထိုင်ဝမ် ရေလက်ကြားနဲ့ ဒေသတွင်းတလွှား တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ အားလုံးက မြင်ချင်တယ်လို့လည်း သူက ပြောပါတယ်။
“ပုံမှန်လေ့ကျင့်ခန်းတခုဖြစ်တဲ့ ၁၀၁၀ မိန့်ခွန်းနဲ့ ပတ်သက်ပြီး တရုတ်က ရန်စတဲ့ လုပ်ရပ်တွေအတွက် အကြောင်းပြချက်အဖြစ် ဘယ်လိုပုံစံနဲ့မှ မသုံးသင့်ဘူး” လို့ ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လာ့ဗ်ရော့ဗ် တက်ရောက်နေတဲ့ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ တင်ပြခြင်း မရှိဘူးလို့ အမေရိကန် သံတမန်က ပြောဆိုခဲ့ပါတယ်။
Source-Reuters