DVB Logo
Home
မြန်မာသတင်း
သုခဒဂုံ အငှားအိမ်ရာက တိုက်ခန်းအချို့ ပြန်သိမ်းခံရ
DVB
·
September 25, 2025
သုခဒဂုံ အငှားအိမ်ရာက တိုက်ခန်းအချို့ ပြန်သိမ်းခံရ
Donate to DVB

ရန်ကုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က  သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ အငှားအိမ်ရာချထားတဲ့ တိုက်ခန်းတွေကို တဆင့်ပြန်ငှား၊ ရောင်းချတာတွေ ပြုလုပ်နေတာကြောင့် ပြန်သိမ်းနေတယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန DUHD -Ygn ကနေ သိရပါတယ်။

အငှားအိမ်ရာ မဲပေါက်ထားတဲ့သူတွေဟာ ပွဲစားကနေတဆင့် ပြန်လည်ရောင်းချတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

DUHD -Ygn မှ တာဝန်ရှိသူတယောက်က “တချို့ မဲပေါက်ထားတဲ့သူတွေက ပြန်ရောင်းစားကြတယ်။ အပြင်ပေါက်ဈေးအတိုင်း ပြန်ငှားကြတာတွေလည်း ရှိတယ်။ ဒါမျိုးတွေမလုပ်ဖို့ အစောကြီးကတည်းက သတိပေးထားပြီးသား။ အခု တော်တော်များများက အဲဒီလိုတွေလုပ်လာတာ ရှိတယ်။ ဒါမျိုး လုပ်လို့မရဘူး။ နိုင်ငံပိုင်ပစ္စည်းကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပဲ။ ပြန်ရောင်းတဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူတာတွေ ရှိတယ်။ ပြန်ငှားထားတဲ့သူတွေကိုတော့ အခန်း ပြန်သိမ်းထားတယ်။ ပြန်သိမ်းထားတဲ့ အခန်းတွေကို မဲပြန်နှိုက်ပေးသွားမယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပြန်သိမ်းထားတဲ့အခန်း ၂၀ ကျော်ရှိပြီး မဲပြန်နှိုက်ပေးသွားမယ်လို့ သိရပါတယ်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာဟာ နေရေးအခက်အခဲရှိသူတွေကို ၅ နှစ်တာ ငှားရမ်း နေထိုင်ခွင့် ပြုထားတဲ့ ပြည်သူ့အငှားအိမ်ရာတခု ဖြစ်ပါတယ်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွင်းမှာ စုစုပေါင်း တိုက် ၁၉၄ လုံး ပါဝင်ပြီး ပြီးစီးမှုအလိုက် အခန်းတွေကို ငှားရမ်းခွင့်ပြုနေပြီး ပထမအဆင့်အနေနဲ့ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွင်းက တိုက် ၇၃ လုံး၊ ဒုတိယအဆင့်အနေနဲ့ တိုက်အလုံး ၅၀ တို့ကို နေရာချထားပေးခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013