DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာကို တိုးမြှင့်တိုက်ခိုက်၊ ပါလက်စတိုင်း သေဆုံးသူ ၆၅,၀၀၀ ကျော်ထိ မြင့်တက်
DVB
·
September 23, 2025
အစ္စရေးက ဂါဇာကို တိုးမြှင့်တိုက်ခိုက်၊ ပါလက်စတိုင်း သေဆုံးသူ ၆၅,၀၀၀ ကျော်ထိ မြင့်တက်
Donate to DVB

ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေး ထောက်ခံမှုတွေ တိုးလာနေချိန်မှာ အစ္စရေးက ပိုတိုးတိုက်ခိုက်လာလို့ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း သေဆုံးသူ ၆၅,၂၈၃ ယောက်အထိ မြင့်တက်လာပြီး ဟားမတ်စ်နဲ့ အစ္စရေးတို့ကြားက ပဋိပက္ခကြောင့် ၁၆၆,၅၇၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက စက်တင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဂါဇာမြို့တော်က လူနေအဆောက်အအုံ အများအပြားကို အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့လို့ လူ ၃၁ ယောက် သေဆုံးပြီး အများအပြား ထွက်ပြေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြင်သစ်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတို့က ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုဖို့ မျှော်လင့်ထားပြီး အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ဆွဲဆောင်နိုင်တဲ့ လုပ်ရပ်တခုအဖြစ် ပါလက်စတိုင်းနိုင်ငံကို ထောက်ခံဖို့ ကမ္ဘာ့ခေါင်းဆောင် ဒါဇင်ပေါင်းများစွာကို ဖိတ်ခေါ်ပြီး အစည်းအဝေး ကျင်းပဖို့လည်း ရှိနေပါတယ်။

ကနေဒါ၊ ဩစတြေးလျနဲ့ ပေါ်တူဂီတို့က ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ ဗြိတိန်နဲ့ပူးပေါင်းပြီးတဲ့နောက်တရက်အကြာမှာ ခုလိုအခြေအနေတွေ တိုးတက်ပြောင်းလဲလာတာပါ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ သူ့ရဲ့ တတိယတပ်ခွဲဖြစ်တဲ့ အမှတ် ၃၆ တပ်ခွဲကို ဂါဇာမြို့ဆီ ဖြန့်ကြက် တာဝန်ချထားတယ်လို့ စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ပြင်းထန်ခိုင်မာတဲ့ ပြင်ဆင်မှုတွေအပြီး နှစ်ပတ်လောက်အကြာမှာ တပ်ခွဲ ၃၆ ဟာ “ဂီဒီအွန် စစ်ရထား B” လို့ နာမည်ပေးထားတဲ့ မြေပြင်စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် ဂါဇာမြို့ဆီ စရွှေ့လာခဲ့တယ်လို့ IDF က ဆိုပါတယ်။

အမှတ် 162nd နဲ့ 98th တပ်ခွဲတွေအောက်က တပ်ဖွဲ့တွေက ဂါဇာမြို့ထဲမှာ စစ်ဆင်ရေးကို စီမံနေပြီး ဧရိယာအတွင်းထဲ ပိုချီတက်လာခဲ့တာပါ။

တပ်မ ၃၆ ကတော့ တနင်္ဂနွေနေ့မှာ မြို့ထဲဝင်လာပြီး မြေပြင်ထိုးစစ်မှာ ပါဝင်ရင်း နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုတွေကို ဆက်တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်း တပ်ခွဲအဆင့် ပစ်ခတ်ရေး စစ်ကြောင်းက ဂါဇာကမ်းမြောင်တလျှောက် ပစ်မှတ် ဒါဇင်ပေါင်းများစွာကို ပစ်ခတ်ရင်း မြေပြင်တပ်တွေ ဝင်ရလွယ်အောင် လုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထပ်လောင်းပြောပါတယ်။

IDF ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒပ်ဖရင်က အရပ်သား ၅၅၀,၀၀၀ ကျော် ဂါဇာမြို့ကနေ ထွက်ခွာပြီး တောင်ဘက်ဆီ ရွှေ့ပြောင်းခဲ့တယ်လို့ တနင်္ဂနွေနေ့ ညနေပိုင်းက ဗီဒီယိုထုတ်ပြန်ချက်မှာ ပြောပါတယ်။

IDF က ဟားမတ်စ်ရဲ့ အဓိက အမာခံနယ်မြေကို ပစ်မှတ်ထားပြီး ဂါဇာမြို့တော်ဆီ ပိုနက်နက်ရှိုင်းရှိုင်း လှုပ်ရှားနေတယ်လို့လည်း ဒပ်ဖရင်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013