DVB Logo
Home
နိုင်ငံတကာ
ချာလီကာ့ခ်ကို “အာဇာနည်” အဖြစ် ထရမ့်ပ် ဂုဏ်ပြု
DVB
·
September 22, 2025
ချာလီကာ့ခ်ကို “အာဇာနည်” အဖြစ် ထရမ့်ပ် ဂုဏ်ပြု
Donate to DVB

လုပ်ကြံခံခဲ့ရတဲ့ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ဟာ “အမေရိကရဲ့ ကြီးမြတ်တဲ့ သူရဲကောင်းတယောက်” ဖြစ်သလို “အာဇာနည်” တယောက်လည်းဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂုဏ်ပြုခဲ့ပါတယ်။

လူတသိန်းနီးပါး တက်ရောက်ခဲ့တဲ့ အရီဇိုးနားမှာ ပြုလုပ်တဲ့ ကာ့ခ်  အောက်မေ့ဖွယ်အခမ်းအနားမှာ ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

“သူဟာ အမေရိကန်လွတ်လပ်မှုအတွက် အာဇာနည်ဖြစ်သွားပါပြီ။ ကျုပ်တို့ ဘယ်သူကမှ ချာလီကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ပြောရင် ဒီကနေ့မှာ အားလုံးကိုယ်စား ပြောပေးတာဖြစ်မယ် ဆိုတာ ကျုပ်သိပါတယ်။ သမိုင်းကလည်း ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ပါဘူး” လို့ ထရမ့်ပ်က စက်တင်ဘာ ၂၁ ရက်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်က ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ ကာ့ခ်ရဲ့ နိုင်ငံရေးအမွေအနှစ်ကို အောက်မေ့စကား ပြောကြားခဲ့ရာမှာ ဒုသမ္မတ ဂျေဒီဗန့်စ် အပါအဝင် အမေရိကန်အစိုးရ တာဝန်ရှိသူ အများအပြား ပါဝင်ခဲ့ပါတယ်။

ကာ့ခ်ရဲ့ဇနီး ဧရီကာကလည်း ခင်ပွန်းဖြစ်သူကို သတ်ခဲ့သူအပေါ် ခွင့်လွှတ်ကြောင်း မျက်ရည်စက်လက်နဲ့ ပြောကြားခဲ့ပါတယ်။

ချာလီကာ့ခ်ဟာ အသက် ၁၈ နှစ်အရွယ်မှာ Turning Point USA ဆိုတဲ့ ကွန်ဆာဗေးတစ် ကျောင်းသားလှုပ်ရှားမှုအဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ကောလိပ်ကျောင်းဝင်းတွေမှာ ကွန်ဆာဗေးတစ် အတွေးအခေါ်တွေ ပြန့်ပွားရေးကို အဓိက လုပ်ဆောင်ပါတယ်။

သူဟာ တက္ကသိုလ်တွေမှာ စကားစစ်ထိုးပွဲတွေ ကျင်းပလေ့ရှိပြီး သူ့ရဲ့ ပြင်းပြင်းထန်ထန် ငြင်းခုံတဲ့ပုံစံကြောင့် လူသိများပါတယ်။

ဒီလို ငြင်းခုံမှုတွေရဲ့ ဗီဒီယိုတွေကြောင့် X မှာ Follower ၅ သန်းကျော်နဲ့ TikTok မှာ ၇ သန်းကျော် ရရှိခဲ့ပြီး သမ္မတထရမ့်ပ်အတွက် လူငယ်မဲဆန္ဒရှင်တွေကို စည်းရုံးရာမှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

ကာ့ခ်ဟာ သေနတ်ကိုင်ဆောင်ခွင့်ကို အခိုင်အမာထောက်ခံပြီး ကိုယ်ဝန်ဖျက်ချမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013