DVB Logo
Home
အားကစား
မန်ယူတိုက်စစ်မှူးဟောင်း မာစီယယ် မက္ကဆီကိုကလပ်ဆီ တရားဝင်ပြောင်းရွှေ့
DVB
·
September 20, 2025
မန်ယူတိုက်စစ်မှူးဟောင်း မာစီယယ် မက္ကဆီကိုကလပ်ဆီ တရားဝင်ပြောင်းရွှေ့
Donate to DVB

မန်ယူတိုက်စစ်မှူးဟောင်း မာစီယယ်ဟာ မက္ကဆီကိုကလပ် မွန်တာရေးအသင်းဆီ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။

ကျောနံပါတ် ၉ ဝတ်ဆင်မယ့် မာစီယယ်ကို မွန်တာရေးအသင်းက သောကြာနေ့က တရားဝင်မိတ်ဆက်ခဲ့ပြီး အသင်းသစ်မှာ စွမ်းဆောင်ရည်ကောင်းပြသဖို့ မစောင့်နိုင်တော့ကြောင်း မာစီယယ်က ပြောပါတယ်။

မာစီယယ်ကို မွန်တာရေးအသင်းရဲ့အဓိကပြိုင်ဘက် ပူးမတ်စ်အသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပြီး မိခင်ကလပ် အေသင်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပေမဲ့ ပြိုင်ဘက် မွန်တာရေးက ကြားဖြတ်ခေါ်ယူသွားခဲ့တာပါ။

အေးဂျင့်က ဆုံးဖြတ်တာမဟုတ်ဘဲ ကစားသမားဖြစ်သူက  သဘောတူညီမှုရယူပြီးမှ တခြားအသင်းဆီ ပြောင်းရွှေ့သွားတဲ့အပေါ်  ပူးမတ်စ်အသင်းကလည်း လူသိရှင်ကြားဝေဖန်ခဲ့ ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူးဟာ  ၂၀၂၄ ခုနှစ်က မန်ယူနိုက်တက်နဲ့ စာချုပ်သက် တမ်းကုန်ဆုံးခဲ့ပြီးနောက် ဂရိကလပ် AEK အေသင်ဆီပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၂၃ ပွဲမှာ ၉ ဂိုးသွင်းခဲ့ ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013