DVB Logo
Home
အားကစား
မန်ယူတိုက်စစ်မှူးဟောင်း မာစီယယ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း AEK အေသင်အသင်း အတည်ပြု 
DVB
·
September 19, 2024
မန်ယူတိုက်စစ်မှူးဟောင်း မာစီယယ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း AEK အေသင်အသင်း အတည်ပြု 
Donate to DVB

မန်ယူတိုက်စစ်မှူးဟောင်း အန်တိုနီမာစီယယ်ကိုခေါ်ယူနိုင်ခဲ့ကြောင်း ဂရိကလပ် AEK အေသင်း အသင်းက တရားဝင်သတင်းထုတ်ပြန်သွားပါတယ်။

အသက် ၂၈ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကလပ် အသင်းများစွာနဲ့ ချိတ်ဆက်ခဲ့ပေမဲ့ ဂရိကလပ်ရဲ့ မက်မောစရာ ကမ်းလှမ်းချက်ကို လက်ခံပြီး အသင်း ပြောင်းရွှေ့ခဲ့တာပါ။

မာစီယယ်အနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၂ သန်းခွဲ ရရှိမှာဖြစ်ပြီး AEK အေသင် အသင်းသမိုင်း တလျှောက် လုပ်ခအများဆုံးရတဲ့ ကစားသမား ဖြစ်လာပါတယ်။

ဂရိထိပ်တန်းကလပ် အေသင်အသင်းမှာ စပါးကစားသမားဟောင်း လာမယ်လာ အပါအဝင် ဝက်ဖို့ဒ်ကစားသမားဟာင်းတွေဖြစ်တဲ့ ပါရေယာနဲ့ အမ်မရာဘတ်နဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ဟောင်း သောမက်စ်စထရာကိုရှာတို့ ပါဝင်ကစားနေပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013