DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်နယ်စပ်ကို ထိန်းချုပ်ရန် စစ်တပ်အသုံးပြုရမည်ဟု စတာမာကို ထရမ့်ပ် အကြံပြု
DVB
·
September 19, 2025
ဗြိတိန်နယ်စပ်ကို ထိန်းချုပ်ရန် စစ်တပ်အသုံးပြုရမည်ဟု စတာမာကို ထရမ့်ပ် အကြံပြု
Donate to DVB

တရားမဝင် လာရောက်တဲ့သူတွေကို ရပ်တန့်ဖို့ စစ်တပ်အသုံးပြုရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗြိတိန်ဝန်ကြီးချုပ် စတာမာကို ပြောပါတယ်။

ထရမ့်ပ်ဟာ စတာမာနဲ့ ကျေးလက်စံအိမ်မှာ တွေ့ဆုံမှုမှာ ပြောဆိုခဲ့တာလို့ FOX News နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံချိန် အမေရိကန်နယ်စပ်မှာ ပြုလုပ်တဲ့ လုပ်ထုံလုပ်နည်းတွေကို ပြောပြခဲ့ပြီး အင်္ဂလန် ရေလက်ကြားကို ဖြတ်ပြီး လှေငယ်လေးတွေနဲ့လာတဲ့ ရွှေ့ပြောင်းတွေအရေးက အမေရိကန် အဖြစ်အပျက်နဲ့ တူညီတယ်လို့ ထရမ့်ပ်က ပြောဆိုခဲ့တာပါ။

“ရွှေ့ပြောင်းတွေလာတာကို ရပ်တန့်ရမယ်လို့ ဝန်ကြီးချုပ်ကို ကျနော် ပြောခဲ့ပါတယ်။ ဒီအရေးကိစ္စအတွက် စစ်တပ်ကို အသုံးပြုတာ မပြုတာ အရေးမကြီးပါဘူး။ ဘယ်လိုနည်းကိုပဲ သုံးသုံး အရေးမကြီးပါဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။

ဒါ့အပြင် ထရမ့်ပ်က ဒီရွှေ့ပြောင်းအရေးဟာ စတာမာကို ထိခိုက်မှုတွေ ဖြစ်လာမှာဖြစ်လို့ ဒီအရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

ဒီနှစ်အတွင်းမှာ အင်္ဂလန်ရေလက်ကြားကို ဖြတ်သန်းလာတဲ့ ရွှေ့ပြောင်းအရေအတွက် ၃၀,၀၀၀ ကျော်ရှိပြီး ရွှေ့ပြောင်းအရေးကို ပြင်သစ်နိုင်ငံ အပါအဝင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်းနဲ့ လူကုန်ကူးမှု တိုက်ဖျက်တာတွေ လုပ်နေကြောင်း စတာမာက ပြောပါတယ်။

ထရမ့်ပ်နဲ့ စတာမာတို့ဟာ အမေရိကန်က AI နည်းပညာ၊ ကွမ်တန်ကွန်ပျူတာနဲ့ အခြားနည်းပညာဆိုင်ရာ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ထရမ့်ပ်နဲ့ စတာမာတို့ဟာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယူကရိန်းအရေးက သူထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ ပူတင်က သူ့ကို စိတ်ပျက်စေကြောင်းလည်း ဆိုပါတယ်။

ထရမ့်ပ်နဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ယူကရိန်းနိုင်ငံကို ကာကွယ်ရေးပစ္စည်းတွေ တိုးမြှင့်ထောက်ပံ့ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ စတာမာက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013