DVB Logo
Home
အားကစား
မန်ယူပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်နှင့် နည်းပြအာမိုရင် တွေ့ဆုံဆွေးနွေး
DVB
·
September 19, 2025
မန်ယူပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်နှင့် နည်းပြအာမိုရင် တွေ့ဆုံဆွေးနွေး
Donate to DVB

မန်ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်နဲ့ နည်းပြအာမိုရင်တို့ဟာ မန်ချက်စတာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆာဂျင်ရတ်ကလစ်ဖ်ဟာ စက်တင်ဘာ ၁၈ ရက်က ရဟတ်ယာဉ်နဲ့ မန်ချက်စတာဆီ သွားရောက်ခဲ့ပြီး အသင်းရဲ့ အနာဂတ်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ အခုနှစ်အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော် ငွေကြေးသုံးစွဲခဲ့ပေမဲ့ မျှော်မှန်းသလောက် မဖြစ်ခဲ့ဘဲ ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ နိုင်ပွဲတပွဲသာရခဲ့ပြီး အဆင့် ၁၅ မှာ ရပ်တည်နေတာပါ။

မန်ယူပူးတွဲပိုင်ရှင်အနေနဲ့ လက်ရှိအသင်းရဲ့ ရလဒ်ပိုင်း ဆိုးရွားမှုနဲ့ နည်းပြ အာမိုရင်ရဲ့ အနာဂတ်ကိစ္စအပေါ် ဆွေးနွေးတာမျိုး ရှိနိုင်ပေမဲ့ နည်းပြအာမိုရင်နဲ့ တွေ့ဆုံမှုဟာ အရင်ကတည်းက ကြိုတင်စီစဉ်ထားတာဖြစ်ကြောင်း The Athletic သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013