
တူရကီကလပ် ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့ခဲ့တာက မှားယွင်းခဲ့ကြောင်း ပေါ်တူဂီနည်းပြ မော်ရင်ညိုက ပြောသွားပါတယ်။
မွေးရပ်မြေကလပ် ဘင်ဖီကာအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုအပြီးမှာ အသင်းဟောင်းအပေါ် မော်ရင်ညိုက မကျေမနပ်နဲ့ ထိုးနှက်စကားဆိုခဲ့တာပါ။
ဖီနာဘာချီအသင်းဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ဘင်ဖီကာကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြမော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
ဖီနာဘာချီအသင်းဆီပြောင်းရွှေ့ခဲ့တာက မှားယွင်းတဲ့ရွေးချယ်မှု ဖြစ်ခဲ့ပြီး မှားယွင်းစွာ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း၊ ဘင်ဖီကာအသင်းဆီပြန်လည်ရောက်ရှိလာတာက မိမိရဲ့အဆင့်အတန်းနဲ့ ကိုက်ညီမှု ရှိကြောင်း မော်ရင်ညိုကပြောပါတယ်။
ဘင်ဖီကာကို ချန်ပီယံဆုဖလားတွေရယူပေးမယ်လို့ ကတိမပေးနိုင်ပေမဲ့ ဆုဖလားတွေရယူနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြမော်ရင်ညိုက ပြောသွားပါတယ်။
Photo: Reuters










