DVB Logo
Home
အားကစား
အက်သလက်တီကိုအသင်းကို လီဗာပူး အကြိတ်အနယ်ကစားပြီး အနိုင်ရ
DVB
·
September 18, 2025
အက်သလက်တီကိုအသင်းကို လီဗာပူး အကြိတ်အနယ်ကစားပြီး အနိုင်ရ
Donate to DVB

ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

လီဗာပူးအတွက် ဦးဆောင်ဂိုးတွေကို ပွဲချိန်အစောပိုင်း ၄ မိနစ်နဲ့ ၆ မိနစ်တွေမှာ အန်ဒရူး ရောဘတ်ဆင်နဲ့ မိုဆာလာတို့က သွင်းယူပေးခဲ့ပြီး ပွဲကို စောစောစီးစီး ဦးဆောင်ထားခဲ့တာပါ။

အဲဒီနောက်ပိုင်း အခွင့်အရေးတချို့ ထပ်ရခဲ့ပေမဲ့ လီဗာပူးတို့ ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ပါဘူး။ ပထမပိုင်းပွဲချိန်အပြီး နာကျင်အချိန်ပိုမှာတော့ အက်သလက်တီကိုအတွက် မားကို့စ် လော်ရန်တေးက ပင်နယ်တီစည်းထိပ်ကနေ ကန်သွင်းပြီး ပထမချေပဂိုး ရယူခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် အစောပိုင်းမှာလည်း ပွဲက အကြိတ်အနယ်ရှိခဲ့ပေမဲ့ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ပွဲချိန် ၈၁ မိနစ်မှာမှ မားကို့စ်လော်ရန်တေးက ဒုတိယချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နာကျင်အချိန်ပို ၉၂ မိနစ်မှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး မိုဆာလာကတော့ ဒီကနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်ဂိုး ၄၉ ဂိုးအထိ ရှိလာပြီး ချန်ပီယံလိဂ်သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းထားတဲ့ စာရင်းမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့အတူ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013