DVB Logo
Home
နိုင်ငံတကာ
သမ္မတ ထရမ့်ပ် ဗြိတိန် ရောက်ရှိ
DVB
·
September 17, 2025
သမ္မတ ထရမ့်ပ် ဗြိတိန် ရောက်ရှိ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဗြိတိန်နိုင်ငံကို သူ့အတွက် သမိုင်းဝင် ဒုတိယအကြိမ် အလည်အပတ် ရောက်ရှိနေပြီး ကုန်သွယ်မှုနဲ့ နိုင်ငံတကာမူဝါဒတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

ဗြိတိန်ကို မထွက်ခွာမီ လေယာဉ်ပေါ်မှာ ဗြိတိန်နဲ့ သူနဲ့ဟာ အရမ်းကောင်းတဲ့ အဆက်အသွယ် ရှိကြောင်းနဲ့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ဗြိတိန်က ပြောင်းလဲမှု အနည်းငယ်ပြုလုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင်လည်း သူကူညီနိုင်ကြောင်း ထရမ့်ပ်က ပြောခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ဗြိတိန် အလည်အပတ်ခရီးစဉ်မှာ ဘီလီယံနဲ့ချီတဲ့ အမေရိကန်နိုင်ငံရဲ့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်ကို အဓိကလာရတဲ့ ရည်ရွယ်ချက်က မိမိရဲ့သူငယ်ချင်း ချားလ်ဘုရင်နဲ့ တွေ့ဆုံဖို့ဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်ဟာ ဗြိတိန်ကို ရောက်တဲ့နေ့မှာ အမေရိကန်သံတမန်ရဲ့ အဆောက်အအုံမှာ နေထိုင်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ တော်ဝင်အခမ်းအနားနဲ့ ကြိုဆိုမယ့် ဝင်ဆာရဲတိုက်ကို သွားရောက်မှာ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို ချားလ်ဘုရင်နဲ့ တော်ဝင်မျိုးနွယ်တွေအားလုံး တက်ရောက်ပြီး ထရမ့်ပ်ကို ဧည့်ခံတွေ့ဆုံမှာ ဖြစ်ပါတယ်။

မင်းသားဝီလျံနဲ့ ကက်သရင်းတို့ကလည်း ကြိုဆိုပွဲမှာ ပါဝင်မှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အလေးပြုတာတွေ၊ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးတာတွေနဲ့ ထရမ့်ပ်ကို ကြိုဆိုမှာဖြစ်ပါတယ်။

ဒီကြိုဆိုဂုဏ်ပြုပွဲမှာ စစ်တပ်၊ တော်ဝင်ရေတပ်နဲ့ တော်ဝင်လေတပ်တို့က လူပေါင်း ၁,၃၀၀ ပါဝင်မှာဖြစ်ပြီး ဗြိတိန်ကို နိုင်ငံတော်အဆင့် အလည်အပတ်လာရောက်တဲ့ သူတွေထဲမှာ တပ်ဖွဲ့ဝင်အရေအတွက် အများဆုံးပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ အမေရိကန်နဲ့ ဗြိတိန် F35 ဂျက်လေယာဉ်တွေဟာ အနီရောင်မြားပုံစံနဲ့ ဝင်ဆာရဲတိုက်ပေါ်က ဖြတ်ပြီး ပျံသန်းမှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီဂုဏ်ပြုပွဲဟာ အမေရိကန်သမ္မတရဲ့ ကုန်သွယ်မှု၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတို့ကို လွှမ်းမိုးသွားဖွယ် ရှိပါတယ်။

မိုက်ခရိုဆော့ဖ်ကနေ ပေါင်  ၂၂ ဘီလီယံ အပါအဝင် အမေရိကန်နည်းပညာကုမ္ပဏီတွေက ဗြိတိန်မှာ ပေါင် ၃၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုတွေ အဓိက ပါဝင်ပါတယ်။

AI နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ကွမ်တန်ကွန်ပျူတာနဲ့ နျူစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် စတာမာက နည်းပညာဆိုင်ရာ သဘောတူညီချက်တွေက ပြည်သူတွေကို အလုပ်အကိုင် ဖန်တီးပေးနိုင်မှု ပိုများပြီး ဝင်ငွေတိုးစေမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ထရမ့်ပ်ရဲ့ ဒီအလည်အပတ်ခရီးစဉ်မတိုင်မီ Google၊ Alphabet ပိုင်ရှင်တွေက ဗြိတိန်မှာ ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်လို့လည်း ကြေညာခဲ့ဖူးပါတယ်။

ထရမ့်ပ်ကို ဆန့်ကျင်တဲ့သူတွေကလည်း ဝင်ဆာရဲတိုက်မှာ စုဝေးခဲ့ကြပြီး ထရမ့်ပ်နဲ့ ဂျက်ဖရီအက်စတိန်းရဲ့ ပုံကို ဝင်ဆာရဲတိုက်နံရံမှာ ပရိုဂျက်တာနဲ့ထိုးပြီး ဆန့်ကျင်မှုကို ဖော်ပြခဲ့ကြပါတယ်။

ဝင်ဆာရဲတိုက်ကို ပရိုဂျက်တာနဲ့ ထိုးခဲ့တဲ့သူတွေက တရားမဝင်လုပ်ဆောင်ချက်ကြောင့် ၄ ယောက်ကို ဖမ်းဆီးထားတဲ့အကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013