DVB Logo
Home
နိုင်ငံတကာ
ဂါဇာအထပ်မြင့်အဆောက်အအုံကို အစ္စရေး တိုက်ခိုက်
DVB
·
September 17, 2025
ဂါဇာအထပ်မြင့်အဆောက်အအုံကို အစ္စရေး တိုက်ခိုက်
Donate to DVB

ဂါဇာမြို့တော်အနောက်ပိုင်းက အယ်လ်ဂါဖရီ အထပ်မြင့်မျှော်စင်ကို အစ္စရေးက ဗုံးကြဲ ဖျက်ဆီးလိုက်တဲ့ အခိုက်အတန့်ကို မျက်မြင်သက်သေတွေက ရုပ်သံရိုက်ကူးခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ မကြာသေးမီရက်တွေအတွင်း ဂါဇာမြို့တော်က အထပ်မြင့် အဆောက်အအုံတွေကို ဟားမတ်စ်တို့ သုံးနေတယ်ဆိုတဲ့ အထောက်အထားမရှိဘဲ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

အစ္စရေးစစ်တပ်က မြေပြင်ထိုးစစ်ကို တိုးချဲ့နေတဲ့ သတင်းတွေကြားမှာ “ပြင်းထန်တဲ့၊ မညှာမတာ” ဗုံးကြဲတိုက်ခိုက်မှုကို ဂါဇာမြို့ခံတွေ ခံနေကြရတယ်လို့ ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အရုဏ်တက်ကတည်းက အစ္စရေးရဲ့  လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာမှာ ၂ နှစ်နီးပါးကြာခဲ့တဲ့ စစ်ပွဲဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က တွေ့ရှိခဲ့ပါတယ်။

အာရပ်နဲ့ အစ္စလာမ္မစ်ကမ္ဘာတဝန်းက ခေါင်းဆောင်တွေဟာ ကာတာမြို့တော် ဒိုဟာမှာ တွေ့ဆုံခဲ့ကြပြီး ကာတာအပေါ် အစ္စရေးရဲ့ “သူရဲဘောကြောင်တဲ့” တိုက်ခိုက်မှုအပြင် ဂါဇာမှာ “လူမျိုးတုံးသတ်ဖြတ်မှု” ကို ရှုတ်ချခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် လူ ၆၄,၈၇၁ ယောက်ထက်မနည်း သေဆုံးပြီး ၁၆၄,၆၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကစတဲ့ စစ်ပွဲကြောင့် ပျောက်ဆုံးနေသူ အယောက် ထောင်ချီဟာ အပျက်အစီးတွေအောက်မှာ ရှိနေတယ်လို့လည်း ယုံကြည်ကြပါတယ်။

ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ စုစုပေါင်း လူ ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး လူ ၂၀၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013