DVB Logo
Home
မြန်မာသတင်း
အတုအယောင်ရွေးကောက်ပွဲကို ကယန်းတိုင်းရင်းသားလူငယ်များ ဆန့်ကျင်
DVB
·
September 16, 2025
အတုအယောင်ရွေးကောက်ပွဲကို ကယန်းတိုင်းရင်းသားလူငယ်များ ဆန့်ကျင်
1 / 4
Donate to DVB

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့  ကယန်းတိုင်းရင်းသားလူငယ်နဲ့ ဒေသခံတွေ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဖြစ်တဲ့ စက်တင်ဘာ ၁၅ ရက်မှာ ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ (KNGY) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ လူထုတွေ မပူးပေါင်းဖို့ အသိပညာပေးဖို့နဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို ထောက်ခံတဲ့ လူငယ်တွေရဲ့ အသံကို အားပေးထောက်ခံဖို့ ရည်ရွယ်ပြီး ကမ်ပိန်းလုပ်ဖြစ်တာလို့ ဆိုပါတယ်။

KNGY ရဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဌာန တာဝန်ခံက “စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့ကို တရားဝင် လူ့အခွင့်အရေး ချိုးဖောက်ဖို့ ထောက်ခံပေးတဲ့ ရွေးကောက်ပွဲဖြစ်လို့ လူထုတွေ အတုအယောင် ရွေးကောက်ပွဲကို မပူးပေါင်းပေးဖို့နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်နိုင်ရာမှာ မည်သည့်နည်းလမ်းနဲ့မဆို ပါဝင်ပေးဖို့လိုတယ်။ မဲမပေးတာ၊ ရွေးကောက်ပွဲမှာ မပါဝင်တာ၊ ရွေးကောက်ပွဲဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပေးတာမျိုးပေါ့” လို့ ပြောပါတယ်။

ဓာတ်ပုံကမ်ပိန်းကို ဒေသခံလူငယ်တွေ ပူးပေါင်းပါဝင်ပြုလုပ်ခဲ့တာဖြစ်ပြီး တရားမျှတမှုအတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တိုက်တွန်းတာလို့ သိရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိလို့ဝေဖန်သူတွေနဲ့ တခြားသူကိုလည်း မဲမပေးဖို့ နှုတ်နဲ့တိုက်တွန်းရင်တောင် ထောင်ချမယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူက စက်တင်ဘာ ၁၁ ရက်မှာ ပြောဆိုထားပါတယ်။

ကရင်နီပြည်နယ်ထဲက မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်နဲ့ ရှားတောမြို့နယ်တို့မှာတော့ စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ စက်တင်ဘာ ၁၄ ရက်က UEC က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013