DVB Logo
Home
မြန်မာသတင်း
DJ Violet အပါအဝင် ၄ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ဟု စစ်တပ် ထုတ်ပြန်
DVB
·
September 14, 2025
DJ Violet အပါအဝင် ၄ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ဟု စစ်တပ် ထုတ်ပြန်
Donate to DVB

မန္တလေးမြို့က Cover Club ဆိုင်မှာ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သီချင်းကို DJ တီးခတ်ခဲ့တဲ့ DJ Violet အပါအဝင် ၄ ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် အရေးယူစစ်ဆေးနေတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ မနက် ၁ နာရီကနေ ၂ နာရီအထိ DJ Violet နဲ့ DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို တို့ ဦးဆောင်ပြီး ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သီချင်းကို အရက်သေစာ သောက်စားမူးယစ်၊ သရုပ်ပျက်အဝတ်အစားတွေ ဝတ်ဆင်ပြီး DJ တီးခတ် ကခုန်ခဲ့တာကြောင့် ဗုဒ္ဓဘာသာကို အကြည်ညိုပျက်အောင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန် (၂၄ နှစ်)နဲ့ DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက် (၂၈ နှစ်) တို့ကို စက်တင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီခွဲမှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်ကနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အလားတူ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင် (၄၉ နှစ်)၊ ဆိုင်မန်နေဂျာ ဇင်စုရ (၃၁ နှစ်)တို့ကိုတော့ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီလောက်မှာ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနဲ့ ၃၆ x  ၅၃ လမ်းထောင့်မှာရှိတဲ့ Cover Club ဆိုင်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် ရဲအရာရှိတယောက်က “ဒီအမှုက အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်လို့ရတယ်။ ဒါက တရားသူကြီးအပေါ် မူတည်တာပေါ့။ အရှေ့မှာ အလားတူဖြစ်စဉ်မျိုး ဖြစ်ဖူးတယ်။ ၇ နှစ်အထိ ချဖူးတယ်။ သူတို့က တခြားပုဒ်မတွေလည်း ထပ်တိုးနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ DJ Violet ဆီကနေ DJ တီးခတ်ရာမှာသုံးတဲ့ Memory Stick ၆ ခု သိမ်းဆည်းရရှိခဲ့ပြီး Cover Club ဆိုင်ထဲက DJ စက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းပြီး ဆိုင်ကို ချိပ်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာကို အကြည်ညိုပျက်စေဖို့ ပြုလုပ်ခဲ့တာကြောင့် ပြည်သူလူထုကို စိုးရိမ်ထိတ်လန့်စေခဲ့တာဖြစ်ပြီး သူတို့ကို မဟာအောင်မြေမြို့နယ်၊ အမှတ် ၉ မြို့မရဲစခန်းမှာ (ပ)၂၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013