
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လောင်းဘိချ်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတစင်းက ကွန်တိန်နာ ၅၀ ကျော် ရေထဲကို ပြုတ်ကျကုန်တယ်လို့ နိုင်ငံရဲ့ ဒုတိယအလုပ်အများဆုံး ဆိပ်ကမ်းမှ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း ဆိုပါတယ်။
ပေါ်တူဂီနိုင်ငံ အလံတင် မစ္စစ္စပီ အမည်ရှိ သင်္ဘောဟာ Pier G ကွန်တိန်နာဂိတ်မှာ ဆိုက်ကပ်နေတုန်း ကွန်တိန်နာတွေ ပြုတ်ကျခဲ့တာပါ။
ဝန်ထမ်းတွေက ကွန်တိန်နာတွေကို လုံခြုံအောင် လုပ်ဆောင်ပေးနေချိန် ဆိပ်ကမ်းဂိတ်မှာ ကုန်တင်ကုန်ချလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ ပြည်သူ့ပြန်ကြားရေးအရာရှိ အာ့ထ် မာရိုကင်းက ပြောကြားပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
Source: Reuters










