
ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာပြပွဲ (DSEI) ကို ဗြိတိန်မြို့တော် လန်ဒန်မှာ စက်တင်ဘာ ၉ ရက်က ဖွင့်လှစ်ခဲ့ပြီး အစ္စရေးနိုင်ငံက တရားဝင်ကိုယ်စားလှယ်တွေ မပါဝင်ပေမဲ့ Elbit Systems၊ Rafael၊ IAI နဲ့ U-vision တို့လို အစ္စရေးကာကွယ်ရေးကုမ္ပဏီတွေကို ပြပွဲပြသသူအဖြစ် ခွင့်ပြုထားပါတယ်။
ဂါဇာမှာ ဟားမတ်စ်တွေနဲ့ စစ်ပွဲကို အရှိန်မြှင့်လာလို့ အစ္စရေး အရာရှိတွေ ပွဲတက်ခွင့်ကို ဗြိတိန်ရဲ့ အကြီးမားဆုံး ကာကွယ်ရေးကုန်စည်ပြပွဲကို မတက်ဖို့ ဩဂုတ် ၂၉ ရက်မှာ ဗြိတိန်က တားမြစ်ခဲ့ပါတယ်။
သမိုင်းဝင် ရင်းနှီးတဲ့ မဟာမိတ်ကို ပဋိပက္ခနဲ့ ပတ်သက်ပြီး ဖိအားပေးဖို့ နောက်ဆုံးကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်နယ်မြေအတွင်း ဆင်းရဲဒုက္ခတွေ သက်သာရာရစေဖို့ ခြေလှမ်းတွေကို မလှမ်းဘဲ တခြားအခြေအနေတွေနဲ့ မကိုက်ညီရင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ အစိုးရက ဇူလိုင်လမှာ ပြောကြားခဲ့ပြီး အစ္စရေးအစိုးရက ဒေါသထွက်ခဲ့ပါတယ်။
ကုန်စည်ပြပွဲ ပိတ်ပင်မှုကြောင့် နိုင်ငံကိုယ်စားပြုပြခန်းကို အရင်က DSEI မှာ လုပ်ခဲ့တဲ့အတိုင်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဇွန်လထဲမှာ ကျင်းပခဲ့တဲ့ ပါရီ လေကြောင်းပြပွဲမှာ ခင်းကျင်းပြသထားတဲ့ တိုက်ခိုက်ရေး လက်နက်တွေကိုဖယ်ဖို့ ငြင်းအပြီး အစ္စရေးကာကွယ်ရေးကုမ္ပဏီတွေရဲ့ ပြခန်းတွေကို ပြင်သစ်အစိုးရက အနက်ရောင်အပိုင်းအစတွေနဲ့ ပိတ်ကာထားခဲ့လို့ အစ္စရေးက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
အခု ဗြိတိန်ရဲ့ လှုပ်ရှားမှုဟာ ဒီဖြစ်ရပ်ကို ပဲ့တင်ထပ်ခဲ့တာပါ။ လန်ဒန်မြို့က Excel စင်တာမှာ ကျင်းပတဲ့ ၄ ရက်ကြာ DSEI ပြပွဲမှာ စစ်ဘက်ဆိုင်ရာ ကိရိယာတွေနဲ့ လက်နက်တွေကို ပြသထားတဲ့ နိုင်ငံအဆင့် ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို တွေ့ရပါတယ်။ ဒီပွဲကို ၂ နှစ်တကြိမ် ကျင်းပပါတယ်။
Source: Reuters










