DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို အလယ်ပိုင်းတွင် ဆည်ရေလျှံပြီး ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
September 9, 2025
မက္ကဆီကို အလယ်ပိုင်းတွင် ဆည်ရေလျှံပြီး ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်း
Donate to DVB

မက္ကဆီကိုအလယ်ပိုင်းက တယ်ကစ်စ်ကီယာပန်မြို့မှာရှိတဲ့ စန်တန်နာရီယိုဆည်ဟာ အမြင့်ဆုံးစွမ်းရည်ကို ကျော်လွန်ပြီး စက်တင်ဘာ ၇ ရက်မှာ ရေက ၁၁၃ ရာခိုင်နှုန်းအထိ ရောက်သွားလို့ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမြင့်စား သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မိုးသည်းပြီးတဲ့နောက် ရေလှောင်တမံရဲ့ ဝေဟင် မြင်ကွင်းအရ စည်ပင်သာယာရေးအဖွဲ့ရဲ့ မိုးရေချိန် အရေးပေါ်စနစ်မှာ အနီရောင်အဆင့်ကို ရောက်သွားခဲ့ပါတယ်။

ရေကြီးမှုဒဏ် အခံရဆုံးဒေသတွေက ဒေသခံတွေကို အာဏာပိုင်တွေက စပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးနေပါတယ်။

ကြိုတင်ကာကွယ် ရွှေ့ပြောင်းပေးတဲ့အပြင် ခိုလှုံရေးစခန်းတွေကို ဖွင့်ပေးခဲ့ပြီး ထောက်ပံ့ရေးတပ်ဖွဲ့တွေကိုလည်း တာဝန်ချထားခဲ့ပါတယ်။

အရပ်ဘက် အကာအကွယ်ပေးရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013