DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအရေး လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အာမခံမရဘဲ ဆက်လက်ဖမ်းဆီးခံနေရ
DVB
·
September 7, 2025
အလုပ်သမားအရေး လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အာမခံမရဘဲ ဆက်လက်ဖမ်းဆီးခံနေရ
Donate to DVB

အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးဟာ ဖမ်းဆီးခံရပြီး တလကျော်ကြာတဲ့အထိ အာမခံမရသေးဘဲ အင်းစိန်ထောင်မှာ ဆက်ပြီးဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ STUM ကနေ သိရပါတယ်။

ဒေါ်မျိုးမျိုးအေးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ စစ်ကောင်စီတပ်က နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကြောရေးကနေ ပြန်လွှတ်လိုက်ပြီးနောက် ရွှေပြည်သာမြို့နယ်ရဲစခန်းက  ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နဲ့ ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁)(စ)(ဆ) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒေါ်မျိုးမျိုးအေးကို စက်တင်ဘာ ၁ ရက်က ရုံးထုတ်ခဲ့ကာ အာမခံလျှောက်လဲချက် ကြားနာခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားတယ်လို့  STUM က ထုတ်ပြန်ပါတယ်။

ဒေါ်မျိုးမျိုးအေးအနေနဲ့ အကျဉ်းထောင်တွင်းရှိနေချိန်မှာ ဆီးချိုဆေးရရှိပေမဲ့ နေ့စဉ် ဆီးချိုစစ်ဆေးခွင့် ရသလို သွားအခြေအနေ ဆိုးဝါးစွာ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီတပ်က ဒေါ်မျိုးမျိုးအေးအပြင် သူ့ရဲ့ သမီးဖြစ်သူ မသင်းထက်စံနဲ့ STUM ရုံးက ဝန်ထမ်း ၈ ယောက်တို့ကိုလည်း ဖမ်းဆီးထားပြီး ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နဲ့ ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါ်မျိုးမျိုးအေး အပါအဝင်သူ့ရဲ့ အဖွဲ့ဝင်တွေကို  လာမယ့် စက်တင်ဘာ ၈ ရက်ရုံးချိန်းမှာ အာမခံပေးသင့်၊ မပေးသင့် အမိန့်ချမှာဖြစ်တယ်လို့လည်း  STUM က အသိပေး ထုတ်ပြန်ထားတာပါ။

အကြောင်းမဲ့ ဖမ်းဆီးထားတဲ့ အလုပ်သမားအရေး ကူညီနေသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013