DVB Logo
Home
အားကစား
ပီအက်စ်ဂျီနည်းပြ အင်နရီကေး စက်ဘီး မတော်တဆမှုကြောင့် ခွဲစိတ်ကုသမှုခံယူ
DVB
·
September 6, 2025
ပီအက်စ်ဂျီနည်းပြ အင်နရီကေး စက်ဘီး မတော်တဆမှုကြောင့် ခွဲစိတ်ကုသမှုခံယူ
Donate to DVB

ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်နရီကေးဟာ စက်ဘီးစီးရင်း မတော်တဆဖြစ်ခဲ့လို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

အသက် ၅၅ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ စက်ဘီးစီးတာ ဝါသနာပါသူဖြစ်ပြီး စက်တင်ဘာ ၅ ရက်က  မတော်တမှုဖြစ်ခဲ့တာပါ။

စက်ဘီးမတော်တဆမှုကြောင့် လည်ညှပ်ရိုးကျိုးသွားခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။

ပီအက်စ်ဂျီအသင်းဘက်ကလည်း နည်းပြအင်နရီကေး ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ၊အမြန်ဆုံးပြန်လည် သက်သာပါစေကြောင်းနဲ့ ဘယ်လောက်အထိ အနားယူရမလဲဆိုတာ ဆက်လက် ထုတ်ပြန်ပေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ လန်းစ်နဲ့ လီဂူးဝမ်းပွဲကစားရဖို့ ရှိသလို ချန်ပီယံလိဂ်အဖွင့်မှာ အက်တလန်တာနဲ့လည်း ကစားရမှာပါ။

လည်ညှပ်ရိုးကျိုးဒဏ်ရာက ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရနိုင်ပြီး အကာအကွယ်ပစ္စည်းကိရိယာတပ်ဆင်ထားဖို့လည်း လိုအပ်တာကြောင့် အသင်းကို ကွင်းထဲကနေ တာဝန်ယူဖို့ အချိန်ယူရယူနိုင်ကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013