
ကရင်ပြည်နယ် မြဝတီမြို့ ရွှေမြင်းဝန် ဘုရားကြီးတောင်ဘက် မုခ်ဦးအနီး ရန်ကုန်ဆန်ပြုတ်ဆိုင်မှာ ဂတ်စ်အိုးပေါက်ကွဲရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၅ ရက် ဒီကနေ့မနက် ၈ နာရီကျော်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မြဝတီမီးသတ်တပ်ဖွဲ့က ကား ၅ စီးနဲ့ အချိန်မီ သွားရောက်ငြှိမ်းသတ်ပေးနိုင်ခဲ့လို့ ၁၅ မိနစ်အကြာမှာပဲ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီမြို့ခံတယောက်က “မီးသတ်ရုံနဲ့လည်းနီးပြီး အချိန်မီ မီးသတ်နိုင်ခဲ့လို့ ထိခိုက်ဆုံးရှုံးမှုတော့ အများကြီး မရှိလောက်ဘူး။ အမှတ် ၄ ရပ်ကွက်ထဲမှာ ရှိတဲ့ဆန်ပြုတ်ဆိုင်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တာဝန်ရှိသူတွေက အဆိုပါဆန်ပြုတ်ဆိုင်ကို စစ်ဆေးနေပြီး အသေးစိတ်ကို သတင်းထုတ်ပြန်ထင်တယ်လို့ ဆိုပါတယ်။
မြဝတီမြို့အနီးမှာလည်း နေ့စဥ်ဆိုသလို လက်နက်ကြီးသံတွေကြားနေရပြီး ဒီကနေ့မနက်ပိုင်းမှာ အမှတ် ၄ ရပ်ကွက် ရွှေမြင်းဝန်ဘုရားကြီးနာက ဆန်ပြုတ်ဆိုင် ကဂတ်စ်အိုးပေါက်ကွဲကာ မီးလောင်ခဲ့တာကြောင့် မြဝတီမြို့ခံအချို့ ထိတ်လန့်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ မြဝတီမြို့ခံတဦး ပေးပို့သည်။











