DVB Logo
Home
အားကစား
ခရစ္စတယ်ပဲလေ့နောက်ခံလူ ဂေဟီကို ခေါ်ယူနိုင်ရန် လီဗာပူးအသင်း နီးစပ်လာ
DVB
·
September 1, 2025
ခရစ္စတယ်ပဲလေ့နောက်ခံလူ ဂေဟီကို ခေါ်ယူနိုင်ရန် လီဗာပူးအသင်း နီးစပ်လာ
Donate to DVB

လီဗာပူးအသင်းဟာ အင်္ဂလန်ဗဟိုနောက်ခံလူလည်းဖြစ် ခရစ္စတယ်ပဲလေ့ နောက်ခံလူလည်းဖြစ်တဲ့ မာ့စ်ဂေဟီကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပါတယ်။

မာ့စ်ဂေဟီကို လီဗာပူးအသင်းက ပေါင် ၃၅ သန်း အပါအဝင် ပြန်လည်ရောင်းချမယ်ဆိုရင် ရရှိတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်း ပေးမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တာပါ။

လီဗာပူးဘက်က အပြောင်းအရွှေ့ကာလ အစောပိုင်းကတည်းက ဆွေးနွေးမှုတွေရှိပေမဲ့ ပိတ်သိမ်းခါနီးရောက်မှ အရှိန်မြှင့် ကြိုးပမ်းလာခဲ့တာပါ။

ပဲလေ့ဘက်က လီဗာပူးနောက်ခံလူ ဂျိုးဂိုမက်ဇ်ကို ဂေဟီရဲ့အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အငှားချပေးဖို့ တောင်းဆိုခဲ့ပေမဲ့ လီဗာပူးဘက်က လက်မခံဘဲ ပယ်ချထားတယ်လို့ သိရပါတယ်။

ပဲလေ့အသင်းဟာ လက်ရှိအချိန်မှာတော့ ပြင်သစ်ကလပ် တူလုစ်က အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ဂျေဒီကမ်ဗော့ကို ဂေဟီရဲ့နေရာမှာ အစားထိုးနိုင်ဖို့ ကြိုတင်ချိတ်ဆက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013