DVB Logo
Home
နိုင်ငံတကာ
ဒုသမ္မတဟောင်း ကမ်မလာဟားရစ်အတွက် လုံခြုံရေးအကာအကွယ် ထရမ့်ပ် ဖျက်သိမ်း 
DVB
·
August 31, 2025
ဒုသမ္မတဟောင်း ကမ်မလာဟားရစ်အတွက် လုံခြုံရေးအကာအကွယ် ထရမ့်ပ် ဖျက်သိမ်း 
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ဒီမိုကရက်တစ် ပြိုင်ဘက်ဖြစ်တဲ့ ဒုသမ္မတဟောင်း ကမ်မလာဟားရစ်အတွက် လျှို့ဝှက်လုံခြုံရေး အကာအကွယ်ကို ဖျက်သိမ်းလိုက်ကြောင်း အိမ်ဖြူတော် အကြီးတန်းအရာရှိတယောက်က သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။

ဒုသမ္မတဟောင်းတွေဟာ ပုံမှန်အားဖြင့် သူတို့ရာထူးမှ နုတ်ထွက်ပြီးနောက် ၆ လကြာအထိ လျှို့ဝှက်လုံခြုံရေး အကာအကွယ်ကို ရရှိကြတာဖြစ်ပြီး သမ္မတဟောင်း ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ဇန်န၀ါရီလမှာ ရာထူးမှ မထွက်ခွာခင်မှာ ဟားရစ်ရဲ့ အကာအကွယ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ တနှစ်သက်တမ်း တိုးပေးခဲ့ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ကြာသပတေးနေ့စွဲနဲ့ ဟားရစ်ကို ပေးပို့ထားတဲ့စာထဲမှာ နောက်ထပ် လုံခြုံရေး သက်တမ်းတိုးထားတာကို ရပ်စဲခြင်းဟာ စက်တင်ဘာ ၁ ရက်မှာ စတင်မယ်လို့ ပြောထားကြောင်း သူက ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် ဟားရစ်ရဲ့ အကြီးတန်းအကြံပေး ကီယာစတန်အာလန်က တုံ့ပြန်ရာမှာ “ဒုသမ္မတဟာ အမေရိကန် လျှို့ဝှက်လုံခြုံရေးဝန်ဆောင်မှုဌာနကို သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှု၊ စွမ်းဆောင်မှုနဲ့ ဘေးကင်းရေးအတွက် တွန့်ဆုတ်မှုမရှိ တာဝန်ထမ်းဆေင်မှုတွေအတွက် ကျေးဇူးတင်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဟားရစ်ဟာ သူ မအောင်မြင်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှု အမှတ်တရ  “၁၀၇ ရက်” လို့ ခေါင်းစဉ်ပေးထားတဲ့ မြို့ပေါင်း ၁၅ မြို့ စာအုပ်ခရီးစဉ်ကို စက်တင်ဘာလမှာ စတင်မှာဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ အပြင်းအထန် စကားစစ်ထိုးပွဲအပြီး ရက်သတ္တပတ်တွေအတွင်း ဘိုင်ဒန်ဟာ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့လို့ ဟားရစ်ဟာ ဒီမိုကရက်တစ်ပါတီအတွက် ရွေးကောက်ပွဲဝင်ရာမှာ ထရမ့်ပ်က အနိုင်ရသွားတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013