DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၃,၀၀၀ ကျော်ရှိလာ
DVB
·
August 31, 2025
ဂါဇာကို အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၃,၀၀၀ ကျော်ရှိလာ
Donate to DVB

ဂါဇာကို ဩဂုတ် ၂၉ ရက်က အစ္စရေးတိုက်ခိုက်မှုမှာ လူ ၅၉ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူဦးရေ ၆၃,၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က တိုက်ခိုက်မှုမှာ ၂၄ နာရီအတွင်း လူပေါင်း ၅၉ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၄၄ ယောက်ရှိတယ်လို့ ကျန်းမာရေးအဖွဲ့တွေ့က သတင်းထုတ်ပြန်ပါတယ်။

ထိခိုက်သေဆုံးခဲ့သူ အများစုဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိခဲ့နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေလည်း ကယ်ဆယ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ခက်ခက်ခဲခဲ ကယ်ဆယ်မှုပြုလုပ်နေရင်း သေဆုံးသူ ၂၃ ယောက်အထိ ရှိတယ်လို့လည်း ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

၂၄ နာရီအတွင်း ကလေး ၂  ယောက်အပါအဝင် လူ ၅  ယောက်  အစာငတ်မွတ်ပြီး သေဆုံးခဲ့တာကြောင့် အငတ်ဘေးကြောင့် လူသေဆုံးမှု ၃၂၂ ယောက်အထိ ရှိလာပြီလို့ပါဝင်ပါတယ်။

ဂါဇာအငတ်ဘေးကြောင့် သေဆုံးသူစာရင်းမှာ ကလေး ၁၂၁ ယောက်အထိ တိုးလာတာပဲ ဖြစ်ပါတယ်။

အစ္စရေးက စစ်ရေးစစ်ဆင်ရေး ဆက်ပြီးပြုလုပ်ခဲ့တဲ့ မတ်လ ၁၈ ရက်က လူပေါင်း ၁၁,၁၇၈ ယောက် သေဆုံးခဲ့ပြီး ၄၇,၄၄၉ ယောက် ဒဏ်ရာရထားခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

အစ္စရေးက ပါလက်စတိုင်းကို စပြီးထိုးစစ်ဆင်ကတည်းက သေဆုံးသူစာရင်းဟာ ၆၃,၀၂၅ ယောက်အထိ မြင့်တက်ခဲ့ကာ ဒဏ်ရာရသူ ၁၅၉,၄၉၀ ယောက်အထိ ရှိတယ်လို့လည်း ဖော်ပြပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ရေးတိုးမြှင့်မှုတွေ ပြုလုပ်တာက အဲဒီဒေသမှာရှိတဲ့ လူ ၁ သန်းကို ဖယ်ရှားပစ်တဲ့ အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂ ကယ်ဆယ်ရေးလုပ်ငန်းအေဂျင်စီက သတိပေးထားပါတယ်။ 

ဟားမတ်က အစ္စရေးတောင်ပိုင်းမှာ လူပေါင်း ၁၂၀၀ ကိုသတ်ခဲ့ပြီး ဓားစာခံ ၂၅၁ ယောက် ဖမ်းဆီးခဲ့ပြီးနောက် အစ္စရေးက ဂါဇာကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က စတင်ကာ ကြီးမားတဲ့ စစ်ဆင်ရေးစတင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013