DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများကို လူကုန်ကူးသည့် မလေးရှား ၅ ယောက် တရားစွဲခံရ
DVB
·
August 29, 2025
မြန်မာနိုင်ငံသားများကို လူကုန်ကူးသည့် မလေးရှား ၅ ယောက် တရားစွဲခံရ
Donate to DVB

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၁၉ ယောက်ကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မလေးရှားနိုင်ငံသား ၅ ယောက်ကို တရားရုံးမှာ စွဲချက်တင်ထားတဲ့အကြောင်း The Sun Malaysia သတင်းမှာ ဩဂုတ် ၂၈ ရက်က ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ အခုလ အစောပိုင်းက ဆီလန်ဂေါပြည်နယ်၊ ဟူလူလန်ဂတ်မှာ ဖြစ် ပွားခဲ့တာဖြစ်ပြီး အဲဒီဒေသက တိုက်ခန်းတခုဆီ မြန်မာနိုင်ငံသားတွေကို ခိုးသွင်းဖို့ ပူး ပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူ ၅ ယောက်ကတော့ အသက် ၂၅ နှစ်ကနေ ၄၆ နှစ်ကြား အရွယ်တွေဖြစ်ပြီး ဒီအမှုက အထက်တရားရုံးရဲ့ စီရင်ပိုင်ခွင့်အောက် ကျရောက်တာကြောင့် အသနားခံစာ တင်ခွင့်မရှိကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကိုတော့ မလေးရှားနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၆(က)နဲ့ ၂၀၀၇ ခုနှစ် ရွှေ့ပြောင်းနေထိုင်သူများ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၄ တို့နဲ့ စွဲချက် တင်ထားပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ နဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ထောက်အစိုးရရှေ့နေက စွပ်စွဲခံရသူအားလုံးအတွက် အာမခံမပေးဘဲ အထက်တ ရားရုံးဆီ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ သူတို့ရဲ့ ရှေ့နေက အာမခံလျှောက်ထားပြီး ထွက်ပြေးတိမ်းရှောင်သွားမယ့် အန္တရာယ်မရှိကြောင်း ငြင်းခုံကာ လူတယောက်ကို ရင်း ဂစ် ၁၀,၀၀၀ ပေးဆောင်ဖို့ အဆိုပြုခဲ့တာကို တရားရုံးက တောင်းဆိုချက်အားလုံးကို ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ တရားစွဲဆိုမှုမှာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတဦး အပါအဝင် တခြား မြန်မာနိုင်ငံသား ၄ ယောက်အပေါ် အလားတူ စွဲချက်တင်မှုကတော့ ဘာသာစကားအ ခက်အခဲကြောင့် ကြားနာနိုင်ခြင်းမရှိတာကြောင့် တရားသူကြီးက မြန်မာစကားပြန်နဲ့ တင်ပြပြီး စက်တင်ဘာ ၉ ရက်ကို ချိန်းဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source : The Sun Malaysia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013