DVB Logo
Home
အားကစား
ကွန်းဖရင့်လိဂ်ခြေစစ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားကို ဘက်ဆစ်တပ်အသင်း ထုတ်ပယ်
DVB
·
August 29, 2025
ကွန်းဖရင့်လိဂ်ခြေစစ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားကို ဘက်ဆစ်တပ်အသင်း ထုတ်ပယ်
Donate to DVB

တူရကီကလပ် ဘက်ဆစ်တပ် အသင်းဟာ ကွန်းဖရင့်လိဂ် ခြေစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြချုပ် အိုလီဂမ်နာဆိုးလ်ရှားကို ရာထူးကနေထုတ်ပယ်လိုက်ပါတယ်။

မန်ယူနည်းပြဟောင်းဟာ ၂၀၂၁ ခုနှစ်မှာ အသင်းဟောင်းကနေ ထွက်ခွါလာပြီးနောက် အခုနှစ် ၂၀၂၅ ဇန်နဝါရီလကမှ ဘက်ဆစ်တပ် အသင်းကို တာဝန်ယူခဲ့တာပါ။

တူရကီလိဂ်မှာ စတုတ္ထရပြီးနောက် ယူရိုပါလိဂ်ခြေစစ်ပွဲမှာလည်း ရှက်တာဒိုးညက်ဇ်ကို နှစ်ကျော့စလုံး ရူံးနိမ့်ခဲ့တာပါ။

အဲဒီနောက် ကွန်းဖရင့်လိဂ် ခြေစစ်ပွဲ ဆင်းကစားခဲ့ရပြီး  ပထမအဆင့်မှာ အိုင်ယာလန်ကလပ် ကိုအနိုင်ရခဲ့ပေမဲ့ ဒုတိယအဆင့်မှာတော့ ဆွစ်ဇာလန် မထင်မရှားကလပ် လော့ဆန်းကို နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရတာပါ။

အဲဒီပွဲပြီး နောက် နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ကြောင်း ဘက်ဆစ်တပ်အသင်းက တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013