DVB Logo
Home
အားကစား
နည်းပြဟောင်းဆိုးလ်ရှားကို ရာသီကုန်အထိ ခန့်အပ်နိုင်ရန် မန်ယူအသင်း နီးစပ်လာ
DVB
·
January 10, 2026
နည်းပြဟောင်းဆိုးလ်ရှားကို ရာသီကုန်အထိ ခန့်အပ်နိုင်ရန် မန်ယူအသင်း နီးစပ်လာ
Donate to DVB

မန်ယူအသင်းဟာ နည်းပြဟောင်းဆိုးလ်ရှားကို ရာသီကုန် အချိန်အထိ ယာယီနည်းအဖြစ် တာဝန်ပေးအပ်ဖို့ နီးစပ်လာပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ ယာယီနည်းပြဟောင်း မိုက်ကယ်ကာရစ်နဲ့လည်း တွေ့ဆုံခဲ့ပြီး နည်းပြဆိုးလ်ရှားနဲ့ ထပ်မံတွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ။ 

အခုနှစ် သြဂုတ်လက  တူရကီကလပ် ဘက်ဆစ်တပ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ ဆိုးလ်ရှားဟာ မန်ယူနိုက်တက်ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူပါ။

မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားနဲ့ ဆွေးနွေးမှုအဆင်ပြေမယ်ဆိုရင် ဇန်နဝါရီ ၁၇ ရက်မှာ ကစားရမဲ့ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲအမီ ခန့်အပ်သွားဖို့ လုပ်ဆောင်ထားပါတယ်။

ယူနိုက်တက်ဟာ ဘန်လေနဲ့ ၂ ဂိုးစီသရေကျတဲ့ လိဂ်ပွဲစဉ်မှာ နည်းပြဖလက်ချာကို ယာယီ တာဝန်ပေးခဲ့ပြီး မနက်ဖန် ဘရိုက်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ်ကိုလည်း ဖလက်ချာကပဲ ဆက်လက် တာဝန်ယူသွားမှာဖြစ်ပါတယ်။

Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013