DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်ရဲဌာန တည်ထောင်ပြီး ၄ နှစ်အတွင်း အမှုပေါင်း ၆၀၀ ကျော် အရေးယူနိုင်ခဲ့
DVB
·
August 27, 2025
ကရင်နီပြည်ရဲဌာန တည်ထောင်ပြီး ၄ နှစ်အတွင်း အမှုပေါင်း ၆၀၀ ကျော် အရေးယူနိုင်ခဲ့
Donate to DVB

ကရင်နီပြည်ရဲဌာန (KSP) က တည်ထောင်ပြီး ၄ နှစ်အတွင်း အမှုပေါင်း ၆၄၁ မှုကို အရေးယူ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်တဲ့ သူတို့ရဲ့ ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကရင်နီပြည်ရဲဌာန (KSP) က စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့အမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ လူနဲ့ ပစ္စည်းထိခိုက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု စတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

KSP စတင်ဖွဲ့စည်းချိန်ကစပြီး လက်ရှိအချိန်အထိ မြို့နယ်ရဲဌာနရုံး ၆ ရုံး၊ နယ်မြေရဲစခန်း ၆ ခန်း၊ နယ်မြေလုံခြုံရေးရဲစခန်း ၁၆ စခန်း၊ နယ်မြေလုံခြုံရေး ရဲကင်း ၁၂ ခု၊ ရဲဂိတ် ၁၀ ခုနဲ့ ရဲထိန်းရုံး ၁ ရုံး ဖွင့်လှစ်ကာ လူထုအခြေပြုလုပ်ငန်းနဲ့ ကရင်နီပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို‌ ဆောင်ရွက်နေပါတယ်။

ကရင်နီပြည်ရဲဌာန ရဲစခန်းတွေရဲ့ စိုးမိုးမှုနယ်မြေအတွင်း ပြည်သူ့လုံခြုံရေးအတွက် လှည့်ကင်း ရပ်ကင်းတွေ၊ ကျေးရွာပြည်သူလူထုတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အများပြည်သူ သွားလာနေတဲ့ လမ်းတွေပေါ်မှာ ရှောင်တခင် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013